ဘ၀မှာစိတ်ညစ်နေခဲ့ရင်ဒါလေးဖတ်ကြည့်
တစ်ခါတစ်လေ ဘဝမှာ လုပ်သမျှ အဆင်မပြေဖြစ်နေတာကြောင့် ကိုယ့်ဘဝကို အလိုမကျတွေဖြစ်ပြီး စိတ်ပျက်အားငယ်နေတဲ့ အချိန်တွေ အတော်များများ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ အဲဒီအချိန်တွေဆို ကိုယ့်လောက်ကံဆိုးတဲ့သူ ကမ္ဘာမှာ ရှိပါအုံးမလားလို့တောင် တွေးတတ်ကြပါတယ်။
အလုပ်ကတစ်မျိုး၊ မိသားစုကတစ်မျိုး၊ ပေါင်းသင်းဆက်ဆံရေးက တစ်မျိုးပေါ့။ ကျွန်မလည်း အဲလိုအခြေအနေမျိုးတွေ ကြုံပြီး ဘဝကို စိတ်ပျက်အားငယ် ခဲ့ဖူးပါတယ်။ဒါပေမယ့် အဲဒီိအတွေးတွေဟာ မနေ့က ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်တဲ့ အခါမှာတော့ အဲဒီအတွေးတွေကို စုပ်ယူလိုက်သလိုကို ကျွန်မ ခေါင်းထဲက ပျောက်သွားပါတော့တယ်။
အဲဒီသူငယ်ချင်းက အသက်ကြီးပြီဖြစ်တဲ့ မိဘနှစ်ပါး၊ ယောက္ခမ၊ ဇနီးနဲ့ သမီးနှစ်ယောက်ရဲ့ တာဝန်ကို ယူနေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ဒီလို စားဝတ်နေရေးတွေအပြင် အခြား အထွေထွေကုန်ကျစားရိတ်တွေကို သူ့လခ ဒေါ်လာတစ်ထောင်နဲ့ လောက်ငှအောင် စီမံနေရတဲ့သူက ကျွန်မကို စိတ်ဓါတ်ခွန်အားတွေ ပေးတယ်ဆိုတော့ ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ အမှန်ပါပဲ။
ကျွန်မ သူငယ်ချင်းကပြောတယ်။ သူဒီလို စိတ်ဓါတ်တွေ ခိုင်မာလာပြီး ဘဝကို ရောင့်ရဲတတ်လာတာ အိန္ဒိယမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ကြောင့်ပါတဲ့။
အဲဒီအဖြစ်အပျက်ကို သူလွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြုံခဲ့ရတာလို့ဆိုပါတယ်။ အဲဒီတုန်းက သူကိုယ်တိုင်လည်း အရမ်းစိတ်ဓါတ်ကျနေလို့ စိတ်ပြေလက်ပျောက်အဖြစ် အိန္ဒိယကိုသွားလည်ရင်း တွေ့ခဲ့ရတာလို့ဆိုပါတယ်။ သူ့မျက်စိရှေ့မှာ မိန်းမတစ်ယောက်ဟာ သူ့သားလေးရဲ့ လက်ကို ဓါးနဲ့ ပိုင်းဖြတ်နေတာ တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
အဲဒီမိန်းမရဲ့ မျက်လုံးထဲမှာ မလွှဲသာလို့ လုပ်လိုက်ရတဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတာကို သူတွေ့ရတယ်တဲ့။ နောက်ပြီး ဘာမှမသိသေးတဲ့ လေးနှစ် အရွယ်ကလေးလေးရဲ့ စူးစူးရှရှ အော်သံလေးရယ် သူကြားလိုက်ရတဲ့ အခါ အရမ်းဝမ်းနည်းသွားခဲ့ ရတယ်လို့ ပြောပါတယ်။
ဘာကြောင့်များ ဒီလို ကိုယ့်သားသမီးကို လုပ်ရတာပါလိမ့်လို့ တွေးနေမိတယ်တဲ့။ ကလေးကပဲ အရမ်းဆိုးလို့လား၊ ဒါမှမဟုတ် ကလေးလက်မှာများ ကူးစပ်ရောဂါတစ်ခုခု ရှိနေလို့ ဖြတ်ပစ်လိုက်ရတာလားဆို မေးခွန်းတွေနဲ့ ရှုပ်ထွေးနေခဲ့တယ်လို့ ဆိုပါတယ်။ တစ်ကယ်တော့ အဲဒီမိန်းမ ဒီလိုလုပ်လိုက်တာဟာ သူ့သားလေး တောင်းရမ်းစားသောက်လို့ ရအောင် လုပ်ပေးလိုက်တာတဲ့ဗျာ။
သူငယ်ချင်းကိုယ်တိုင်လည်း ဘယ်လိုမှ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုမှ မယုံကြည်နိုင်ပေမယ့်လည်း ဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာပါ။
သူငယ်ချင်းက ဆက်ပြောတယ်။ သူလည်း အဲဒီ မြင်ကွင်းကို မြင်ပြီး လက်ထဲမှာ စားနေတဲ့ ပေါင်မုန့်တောင် လွတ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာပဲ ခြေတွေလက်တွေ ချို့ယွင်းနေကြတဲ့ ကလေး (၅ – ၆) ယောက်လောက်ဟာ သူ့နား ရောက်လာပြီး အဲဒီပေါင်မုန့်အပိုင်းအစလေးတွေကို အလုအယက်စားနေကြတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
“ကြည့်ပါအုံး အစာရေစာငတ်မွတ်ခြင်းဒါဏ် ခံနေရတဲ့ ကလေးလေးတွေ ဘယ်လောက် သနားစရာကောင်းသလဲ။ ” ဒါနဲ့ ကျွန်တော့သူငယ်ချင်းလည်း သူ့ လမ်းပြကို ပေါင်မုန့်ဆိုင်တစ်ဆိုင်ဆိုင်ကို မောင်းပို့ပေးဖို့ ညွှန်ကြားလိုက်ပြီး ဆိုင်မှာ ရှိသမျှပေါင်မုန့်တွေ ဝယ် ( ပေါင်မုန့် (၄ဝဝ) ရဖို့အတွက် ဒေါ်လာ (၁ဝဝ) ပဲ ကုန်ကျပါတယ်။) ကျန်တဲ့ ဒေါ်လာ (၁ဝဝ)ကိုတော့ သူတို့လိုအပ်မယ့် နေ့စဉ်သုံးနေကျ အသုံးအဆောင်လေးတွေ ဝယ်ပြီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလှူဒါန်းနေတဲ့ အချိန်မှာ ခုန ရပ်ကွက်ထဲက မသန်စွမ်းသူလေးတွေဟာ သူ့ကို ကျေးဇူးတင်လွန်းလို့ ကန်တော့တဲ့သူက ကန်တော့၊ ဆုတောင်းပေးတဲ့သူက ဆုတောင်း ပေးနေကြတယ်လို့လည်း ပြောပါတယ်။
အဲဒီအချိန်မှာ သူတွေးလိုက်မိတာက လူတွေ ဝမ်းစာအတွက် ဘယ်လောက်တောင် ဒုက္ခရောက်နေကြရလဲ ဆိုတာပါပဲ။ ဒီမြင်ကွင်းလေးကြောင့် သူ့မှာ ရှိတဲ့အခက်အခဲတွေ ဒီလူတွေလောက် မဆိုးပါလားလို့လည်း တွေးမိလာတယ်တဲ့။ သူ့မှာ ခြေလက်အင်္ဂါအစုံနဲ့ မွေးဖွားလာပြီး၊ မိဘနှစ်ပါးရှိနေသေးတာ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင်တစ်ခု ရှိနေတာကို သိပ်ကံကောင်းနေပြီလို့ တောင် တွေးမိနေပါသေးတယ်တဲ့။
သူ့စကားအဆုံးမှာ ကျွန်မလည်း ကျွန်မဘဝကျွန်မ ပြန်တွေးကြည့်လိုက်တယ်။ ငါ စိတ်ပျက်နေတဲ့ အကြောင်းအရာတွေကရော တစ်ကယ် စိတ်ပျက်သင့်လို့လားလို့ လည်း ပြန်ဆန်းစစ်ကြည့်မိပါတယ်။
ဒုက္ခဆိုတာတော့ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါကို ကိုယ့်ဒုက္ခကပဲ ကြီးလှပြီထင်ပြီး ထိုင်ဝမ်းနည်း အားငယ်နေဖို့ မလိုပါဘူး။ လောကကြီးမှာ ကိုယ့်ထက် အများကြီးအခြေအနေ ဆိုးရွားတဲ့ သူတွေရဲ့ ဘဝကို စာနာကြည့်လိုက်ရင် ကိုယ့်ဘဝကို ကျေနပ်ရောင့်ရဲ နိုင်လာပါလိမ့်မယ်။
All Credit to Original Writer
Search Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment