မိုးတိမ်တောင်အန္တရာယ်
၂၁-၄-၂၀၁၇
ည(၈း၀၅)နာရီ
(၂၂-၄-၂၀၁၇)ရက် စနေနေ့တွင် ဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်အခြေအနေ
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊
မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် တို့မှာ
မိုးတိမ်တောင်ဖြစ်ပေါ်ရန် အလားအလာများ ရှိနေပြီး
သေချာမှု ၂၅% မှ ၅၅% ခန့်အထိ ရှိနိုင်ပါတယ်။
မွန်းလွဲညနေပိုင်းတို့တွင် မိုးတိမ်တောင်များကြောင့် လျပ်စီးလက်ခြင်း၊
မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခြင်း နေရာကွက်၍ မိုးသည်းထန်ခြင်း၊
မိုးကြိုးပစ်ခြင်း နဲ့ မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment