■ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်မဲခွဲပွဲကို သောကြာနေ့ ပြုလုပ်မည်
ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ၏ လက်ကျန်အဆင့်များအတွက် မဲခွဲပွဲကို သောကြာနေ့ ညနေတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယနေ့ညယှဉ်ပြိုင်ကစားပြီးပါက ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့်အသင်း(၄)သင်းထွက်ပေါ်လာမည်ဖြစ်သည်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကိုမူ ရီးယဲလ်၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ်နှင့် မိုနာကိုတို့ တက်ရောက်နိုင်ခဲ့ကြပြီဖြစ်သည်။
မဲခွဲပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အတွက် ပွဲစဉ်အတွဲအဖက်များသာမက ဗိုလ်လုပွဲ၌ အိမ်ရှင်အသင်းအဖြစ်(အိမ်ကွင်းဝတ်စုံဝတ်ဆင်ကစားခွင့်ရရှိမည်)သတ်မှတ်ခံရမည့်အသင်းကိုလည်း ရွေးချယ်မည်ဖြစ်သည်။
ချန်ပီယံလိဂ်မဲခွဲပွဲကို မြန်မာစံတော်ချိန် ညနေ(၄း၃၀)နာရီနှင့် ယူရိုပါလိဂ်မဲခွဲပွဲကို မြန်မာစံတော်ချိန် ညနေ(၅း၃၀)နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
Photo: UEFA
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment