Latest News

Thursday, April 6, 2017

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကျင်းပ

နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံခရီးစဉ်စတင်ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးကို ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက အဲဒီ အစည်းအဝေးဟာ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးတဲ့အစည်းအဝေးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာဆန်းက ရခိုင်ပြည်နယ်က ရဲစခန်းတွေကို တိုက်ခိုက်ခံရအပြီး အဲဒီကော်မတီအစည်းအဝေးကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးတို့နဲ့ ကျင်းပခဲ့ပါသေးတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအ၀င် ပါတီ ၁၃ ပါတီကလည်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းက အဖွဲ့ဝင် ၁၁ ဦးပါ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံကို သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရ၀န်ကြီး ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

RFA

No comments:

Post a Comment