သင်္ကြန်ကိုမိသားစုနဲ့ပျော်ရွှင်စွာဖြတ်သန့်းမယ့်အကယ်ဒမီပြေတီဦး
တိုင်းပြည်အတွက် ပညာရေးဘက်မှာလည်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ကာ ပရဟိတ ပြည်သူ အကျိုးပြု အလုပ်တွေကို လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီပြေတီဦးနဲ့ တွေဆုံခိုက်မှာတော့ ယခုလိုအောင်မြင်ဖို့ အတွက် စိတ်ဓာတ်ခွန်အားတွေကို ရရှိဖို့ အတွက် ဘယ်လိုကြိုးစားခဲ့ရသလဲ ဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
“ကျွန်တော်အတွက် ခုလိုနေရာတစ်ခုရရှိဖို့ စိတ်ဓာတ်ခွန်အားတွေ ရဲ့အဓိကသော့ချက်ကတော့ သွားချင်တဲ့နေရာကို မရောက်ရောက်အောင် သွားနိုင်တဲ့ ဇွဲပဲဖြစ်ပါတယ်။နောက်ပြီးတော့ အလုပ်တစ်ခုကို ဇောက်ချပြီးတော့ လုပ်ဖို့လည်းလိုပါတယ်။ကိုယ်လုပ်တဲ့ အလုပ်ကို လုပ်တဲ့နေရာမှာစေတနာထားဖို့ ရိုးသားဖို့လိုပါတယ်။ အဲ့ဒီအကြောင်းတရား အချက်အလက်တွေကို အခြေခံပြီးတော့ ကိုယ်သွားချင်တဲ့နေရာ တစ်ခုဆီကိုမရောက် ရောက်အောင်သွားခဲ့တာပါ” လို့အကုန်သိ သတင်းဌာနကိုဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြေတီဦးရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုအနေနှဲ့
“ အခုလောလောဆယ်မှာတော့ အရမ်းကြီး ထူးထူးခြားခြား သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် မရှိသေးပေမဲ့ နောင်ဖြစ်လာနိုင်စရာရှိပါတယ်။ခုလတ်တလောမှာတော့ ကျွန်တော် နယ်ကနေတက်လာပြီးတော့အောင်မြင် အောင် ကြိုးစားချင်တဲ့ လူငယ်တစ်ယောက်ပုံစံ ဇာတ်ကောင်အနေနဲ့  “စကားတစ်ခွန်း”ဆိုတဲ့ ဗီဒီယို ဇာတ်ကာရိုက်နေပါတယ်။အဲ့ဒီ ဇာတ်ကားပြီးရင်လည်း နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်ဖို့ရှိသေးပါတယ်”လို့ လတ်တလောအနုပညာ လှုပ်ရှားမှုအကြောင်းကို ဖြေကြားခဲ့ပါတယ်။
ပြေတီဦးဟာ မကြာမီရောက်ရှိတော့မယ့် သင်္ကြန်ရက်များကို လူပျိုဘ၀တုန်းကလိုဇာတ်ကားများ ရိုက်ရင်း မဖြတ်သန်းတော့ပဲ ခုချိန်မှာမိသားစု ဆိုတာရှိနေပြီ ဖြစ်တဲ့အတွက်မိသားစုကိုပဲ အချိန်ပေးဖြစ်ဖို့များကြောင်းပြောကြားခဲ့ပါတယ်။
"လူပျိုဘ၀တုန်းကဆိုရင်တော့ ကျွန်တော်က သင်္ကြန်တွင်းမှာ ကားရိုက်ရင်းနဲ့ပဲ သင်္ကြန်ကို ဖြတ်သန်းတယ်၊ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ တစ်ချို့နှစ်တွေက ခရီးသွားတယ်၊ တစ်ချို့နှစ်တွေကျတော့ အိမ်မှာပဲနေတယ်၊ဒီနှစ်သင်္ကြန်မှာတော့ မိသားစုနဲ့ ခရီးသွားဖြစ်ဖို့များပါတယ်။အခြားနိုင်ငံတစ်ခုခုကို သွားမှာပါ။ နိုင်ငံခြား ဆိုတာကတော့ ဘယ်အချိန်ပဲသွားသွား အတူတူပဲပေါ့။သင်္ကြန်ကာလကတော့ မြန်မာနိုင်ငံက အကောင်းဆုံးပါ။
ဒါပေမဲ့ ခက်တာကကျွန်တော်တို့က ကလေးတွေရှိနေတဲ့ အခါကျတော့ သွားဖို့လာဖို့ သိပ်မလွယ်တာကြောင့် ခုလိုအားလပ်ရက် မှာနားနားနေနေခရီးပဲထွက်လိုက်တာ ပျော်ဖို့ကောင်းမယ် ထင်လိုပါ။ နောက်ပြီးတော့ ကျွန်တော် အနေနဲ့က မိသားစုတစ်စုရှိနေပြီး ဖြစ်တဲ့ အတွက် မိသားစုကို ခုလိုအားလပ် ရက်တွေမှာ အချိန် ပေးဖြစ် တာလည်းပါပါတယ်”လို့ပြောခဲ့ပါတယ်။
သားကြီး - ဇီးကုန်း (AKonThi)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment