Tuesday, April 11, 2017
တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ကွင်းလုံးကျွတ်လွှတ်ပေးမှု မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လည်သုံးသပ်မည်
Byဖြိုးဖြိုးဇော်On Fri, 2016-06-10 14:12Location မန္တလေးIssue No.No.1115 Friday, June 10, 2016
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ရက်၁၀၀စီမံချက်ရှင်းလင်းပွဲတွင်တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဇော်အောင်)
ဂရိတ်ဝေါလ်ဦးတင် မောင်၏ ဇနီး တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် ညစ်ညမ်းကြော်ငြာစာရွက်များ ဖြန့်ဝေမှုဖြင့် တရားစွဲဆိုခံရပြီး အမှုမှားယွင်းသည်ဟုဆိုကာ တရားရုံးက ကွင်းလုံးကျွတ်လွှတ် ပေးမှုကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော် မြင့်မောင်က ပြောသည်။
‘‘ဒီကိစ္စနဲ့ပတ်သက်၍ ဥပဒေ ချုပ်ကို မေးထားတယ်။ အစိုးရ အဖွဲ့ကနေ ဖြစ်စဉ်ကို ဥပဒေရုံး ကနေ အစအဆုံးတောင်းထားပါ တယ်။ ကျွန်တော်ကိုယ်တိုင် လည်း သိချင်တဲ့အတွက် ဒါကို ပြန်လည်သုံးသပ်သွားပါမယ်’’ ဟုဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အစိုးရဘက်က တရားလိုပြု ပြီး တရားစွဲဆိုခဲ့ရာ မြို့နယ်တရား ရုံးက ကွင်းလုံးကျွတ်လွှတ်ပေး လိုက်၍ အယူခံတက်ပြီး တရား မျှတမှုရှိစေရန် ဥပဒေရုံးတွင် တာဝန်ရှိကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် တရားရုံးများ၏တရားစီရင်မှုများသည် ပြောင်း လဲမှုမရှိဘဲ ယခင်အစိုးရလက် ထက်အတိုင်းသာ ရှိနေသေး ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးသိန်းသန်းဦးက ဆိုသည်။
ချမ်းအေးသာစံမြို့နယ် တော်ဝင်နှင်းဆီဆေးရုံတတိယ အလွှာတွင် Health News အမည်ဖြင့် တရုတ်နိုင်ငံသားများက တရား မ၀င်ဆေးခန်းဖွင့်လှစ်ခဲ့မှု၌ ညစ် ညမ်းကြော်ငြာစာရွက်များ ဖြန့်ဝေမှုဖြင့် တရားစွဲခံရသည့် ဒေါ် နန်းလှစိန်သည် ဇွန်လ ၇ ရက်တွင်အမှုမှ ကွင်းလုံးကျွတ်လွတ် မြောက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးစိန်ကြည်က နှစ် ဘက်သက်သေအထောက်အ ထားနှင့် စစ်ဆေးချက်များအရ ဒေါ်နန်းလှစိန်ငြိစွန်းခြင်းမရှိ၍ အမှုမှ အပြီးပြတ်လွှတ်လိုက်ပြီး အမှုမှားယွင်းကြောင်း သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ပြစ်မှုပုဒ်မ ၂၉၂ (က)ဖြင့် ဒေါ်နန်းလှစိန်ကို ၂၀၁၅ ၌ စတင်တရားစွဲဆိုခဲ့ပြီး တစ်နှစ် ကျော်အတွင်း တရားလိုပြသက် သေ ခြောက်ဦးနှင့် တရားခံပြ သက်သေနှစ်ဦးအား စစ်ဆေးခဲ့ သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမှုတွဲချေဖျက်ခွင့်၊ တရားရုံးရှေ့ လာရောက်ခြင်းမှ ကင်းလွတ်ခွင့် ကို တိုင်းဒေသကြီးလွှတ်တော်သို့ လျှောက်ထားခဲ့ရာ ပယ်ချခဲ့ပြီးနောက် ယခုနှစ် ဧပြီလမြို့နယ် တရားရုံး ရုံးချိန်း ရှစ်ကြိမ်မြောက်တွင် တရားစွဲဆိုခံရသူ ဒေါ်နန်း လှစိန်လာရောက်၍ အမှုရင်ဆိုင် ခဲ့ခြင်းဖြစ်သည်။
တော်ဝင်နှင်းဆီ ဆေးရုံ တတိယအလွှာတွင် တရုတ်နိုင်ငံ သားများဦးဆောင်၍ တရားမ၀င် အမျိုးသား၊ အမျိုးသမီးရောဂါ များကို ကုသပေးခဲ့သဖြင့် တရုတ် နိုင်ငံသားများနှင့် ဂရိတ်ဝေါလ်ဦး တင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ကို တရားစွဲဆိုခဲ့ကာ တရုတ်နိုင်ငံ သားများ ထွက်ပြေးသွားခဲ့ပြီး ဦး တင်မောင်လည်း အမှုမှ ကွင်း လုံး ကျွတ်လွတ်မြောက်ခဲ့သည်။
တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ကွင်းလုံးကျွတ်လွှတ်ပေးမှု မန္တလေးတိုင်းဝန်ကြီးချုပ် ပြန်လည်သုံးသပ်မည်
Reviewed by timeayeyar
on
3:48 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment