သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးငွေများ ပေးအပ်
ပုသိမ် ဧပြီ ၁၉
သင်္ဘောနစ်မြုပ်ရာတွင် သေဆုံးသူများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းမှ သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးငွေပေးအပ်ပွဲနှင့် စေတနာရှင်များမှ ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက သင်္ဘောတိမ်းမှောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အာမခံလုပ်ငန်းမှ လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသေဆုံး ဆယ်ယူရရှိသူ တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီဖြင့် ငွေကျပ်သိန်း ၅ဝ၊ မြန်မာ့အာမခံလုပ်ငန်းမှ သေဆုံးသူ ၃ဝ အတွက် အသက်အာမခံကြေးထောက်ပံငွေကျပ်သိန်း ၃ဝဝ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံငွေ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီဖြင့် ငွေကျပ်သိန်း ၃ဝ၊ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီဖြင့် ငွေကျပ်သိန်း ၅ဝ တို့အား တာဝန်ရှိသူများက သေဆုံးသူမိသားစုဝင်များသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေယာဉ်တိမ်းမှောက်မှုတွင် ပါဝင်ခဲ့ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မြင့်ဟန်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment