စက်လှေတိမ်းမှောက်မှု လူ(၃၀)ဦးကယ်တင်နိုင်
ဧပြီလ (၇)ရက်နေ့  ည ရှစ်နာရီခန့် ကဖြစ်ပွါးခဲ့ တဲ့ စက်လှေတိမ်းမှောက်မှုမှာ လူဦးရေသုံးဆယ်ကို သာကယ်တင်နိုင်ခဲ့ တယ်လို့  ရေကြောင်းရဲက တာဝန်ရှိသူတွေကယခုည (၁၁)နာရီခန့် မှာပြောပါတယ်လက်ရှိ အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ မှာကျား(၂၆)ဦး မ (၄) ဦးဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ နောက်ဆုံးအခြေနေအထိသေဆုံးသူ အားဆယ်ယူရရှိမှုမှာ ယောက်င်္ကျားလေး(၄)ယောက် နဲ့ အမျိုးသမီး(၁၆)ဦးဖြစ်ပါတယ်။
ကျန်တကတော့ ဆက်ရှာလို့ မရဘူးပေါ့သုံးရက်လောက်နေ မှပေါ်မှာပေါ့ စက်လှေထဲမှာပါလာတဲ့ လူအတိကျကတော့ပြောလို့ မရဘူး သူက မင်္ဂလာဆောင်ကိုလာတာ လိုင်းစက်လှေလည်းမဟုတ်ဘူး စက်လှေကတော့ စပါးတစ်ထောင်လောက်ပါတယ်ဆိုတော့ လူဦးရေ က (၈၀)အကျော် ဆံ့ နိုင်တယ်လို့  လူမှုရေးအဖွဲ့ အစည်းတွေကပြောပါတယ်။
ဧပြီလ ည (၈)နာရီ ခန့် မှာ ပုသိမ်တမံချောင်းကမ်းနီအနီး မှာ မင်္ဂလာဆောင်မှ ပြန်လာသည့်ငွေကြယ်ပွင့်စက်လှေ ဟာ ပုသိမ်မြို့ဖက်သို့ မောင်းနှင်လာတဲ့  နဒီရွှေစင် ကျောက်တင်သင်္ဘောနဲ့  တိုက်မိ ပြီးနစ်မြုပ်မှု ဖြစ်ပွါးခဲ့ တာပါ။
တိုင်းဧရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment