Latest News

Sunday, April 16, 2017

မာရုသာမုန်တိုင်းအရှိန်ကြောင့် လူသုံးဦးသေဆုံး


 
"မာရုသာမုန်တိုင်းအရှိန်ကြောင့် လူသုံးဦးသေဆုံး"

မာရုသာ မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်ဆိုင်ခဲ့ရသော သဘာဝဘေးတွင် လူ သုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

လပွတ္တာမြို့တွင် လေပြင်းကျနေချိန် ပြုတ်ကြနေသည့် ဓာတ်ကြိုးကို ကိုင်မိရာမှ သားအမိနှစိဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့ပြီး ယနေ့ (ဧပြီလ ၁၆ရက်)က ဖြစ်ခဲ့ပြီး ဟိုင်းကြီးကျွန်းတွင် လည်း အုန်းပင်လဲ၍  လူတစ်ဦး ဒဏ်ရာရသေဆုံးခဲ့ခြင်းဖြစ်သည်။လပွတ္တာမြို့နယ် ပြင်စလူမြို့တွင် ဧပြီ ၁၅ရက် ညနေက ဖြသ်ပွားသော လေပြင်းတိုက်ခတ်မှုအတွင်း နေအိမ် ၄၅လုံးပျက်ဆီးကာ လူ သုံးဦးဒဏ်ရာရခဲ့ပြီး လူဦးရေ ၂၀၀ကျော် သဘာဝဘေးရင်ဆိုင်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

မာရုသာဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀မှ ၆၀ ခန့်ဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့ကမ်းခြေသို့ ယနေ့ညဝင်ရောက်နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။
7day
 

No comments:

Post a Comment