Latest News

Saturday, April 29, 2017

ဆန်ကြမ်းဈေးတက်

ဆန်ကြမ်းဈေးတက်

ရန်ကုန်၊ ဧပြီ ၂၉

ပြည်ပနိုင်ငံများမှ အဝယ်လိုက်သည့်အပြင် သင်္ကြန်ကာလအတွင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆန်ကြမ်းဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ ဈေးမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“သင်္ကြန်အပြီး နွေစပါးကုန်ခါစဆိုတော့ ဆန်ဈေးက ပြန်တက်လာတယ်။ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုကလည်း များတဲ့အပြင် သင်္ကြန်မတိုင်ခင် သီရိလင်္ကာဈေးကလည်း ဆန်ဆွဲတဲ့အတွက် ပြည်ပတင်ပို့မှု တက်လာတာပါတယ်။ သင်္ကြန်ရက်ကလည်း အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် ဆန်ကြမ်းဈေးတက်တာ ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

သင်္ကြန်ကာလအတွင်းက အချိန်အခါမဟုတ် မိုးရွာသည့်အတွက် ရိတ်သိမ်းခါနီးစပါးများ မိုးရေစိုကာ အခြောက်ခံသည့် စက်များလည်း မရှိသည့်အတွက် ကတ္တရာလမ်းများပေါ်တွင် အခြောက်ခံရသောကြောင့် အရည်အသွေး ကျဆင်းကာ ဆန်ထွက်အားနည်းခြင်းတို့လည်း ပါဝင်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ဧည့်မထ မိုးဆန်တစ်အိတ်လျှင် ကျပ် ၁၈၅၀၀၊ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ နွေသီးထပ် ရှယ်တစ်အိတ်လျှင် ကျပ် ၁၉၂၀၀ နှင့် နွေဆန် ရက် ၉၀ တစ် အိတ်လျှင် ကျပ် ၂၁၀၀၀ အထိရှိပြီး ဆန်ကြမ်းဈေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၁၀၀၀ ခန့်စီ မြင့်တက်သွားကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်ထံမှ သိရသည်။

The Voice

No comments:

Post a Comment