By
ရန်မျိုးနိုင်
ကြားဖြတ်ရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ် မိုင်းရှူးမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)မှ ယောက္ခမဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် လောင်းနှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (ကျား ခေါင်း)မှ သမက်ဖြစ်သူ လွှတ် တော်ကိုယ်စားလှယ်လောင်းတို့ ယှဉ်ပြိုင်ရာ သမက်က အနိုင်ရ ရှိသွားသည်။
မိုင်းရှူးမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) တွင် ဒီချုပ်မှ ၀င်ရောက်ယှဉ်ပြိုင် သူ ဦးကျော်ခင်နှင့် ကျားခေါင်းပါ တီကိုယ်စားပြု ၀င်ပြိုင်သူ ဦးစိုင်း မြင့်မြတ်တို့သည် ယောက္ခမနှင့် သမက်တော်စပ်သူများ ဖြစ်ကြ သည်။
မဲအားလုံး ရေတွက်ပြီး ချိန်တွင် ဦးစိုင်းမြင့်မြတ်က ဦးကျော်ခင်ကို မဲထက်ဝက်ကျော် အသာဖြင့် အနိုင်ရခဲ့သည်။
ဦးစိုင်းမြင့်မြတ်က ၄,၇၆၄မဲရရှိပြီး ဦးကျော်ခင်က ၂,၈၁၇ မဲရရှိခဲ့သည်။
၎င်းတို့နှစ်ဦးသည် တောင် ကြီးမြို့နယ်ရှိ နေအိမ်တွင် အတူ နေထိုင်ခြင်းဖြစ်ကာ နိုင်ငံရေးအ ကြောင်းအရာများကို ဆွေးနွေး လေ့ရှိပြီး နှစ်ဦးကြား ဆက်ဆံရေး သည် သားအဖသဖွယ်ဖြစ်ကြောင်း ကာယကံရှင် နှစ်ဦးစလုံးက 7Day Daily သတင်းစာအား ပြောသည်။ ထို့အပြင် မဲဆန္ဒနယ်တစ်ခုတည်း တွင် အတူ ၀င်ရောက်ယှဉ်ပြိုင်ကြ ခြင်းသည် စီစဉ်ထားခြင်းမဟုတ် ဘဲ မိခင်ပါတီများက ၀င်ပြိုင်ရန် နေရာချထားခြင်းသာဖြစ်ကြောင်း ၎င်းတို့နှစ်ဦးစလုံးက ပြောသည်။
‘‘သူ (ဦးကျော်ခင်)လည်း သူ ယုံကြည်ရာလုပ်တယ်။ ကျွန်တော် လည်း ကျွန်တော်ယုံကြည်ရာလုပ် တယ်။ ပြဿနာမရှိကြပါဘူး’’ဟု ဦးစိုင်းမြင့်မြတ်က ပြောသည်။ ဦးကျော်ခင်ကလည်း ‘‘နိုင်ငံရေး အရ သူ (ဦးစိုင်းမြင့်မြတ်)ကလည်း သူ့မူနဲ့သူ၊ အဘကလည်း အဘမူ နဲ့အဘပဲ’’ဟု 7Day Daily သ တင်းစာအား ပြောသည်။
ရွေးကောက်ပွဲရလဒ်ထွက် ပေါ်အပြီးတွင် ရလဒ်အပေါ် သ ဘောထားကို ဦးကျော်ခင်ထံ မေး မြန်းရာ ပြည်သူလူထု၏ ရွေး ချယ်မှုအပေါ် ကျေနပ်လက်ခံ ကြောင်း ၎င်းကဆိုသည်။
ဦးစိုင်းမြင့်မြတ်နှင့် ဦးကျော် ခင်တို့ဝင်ပြိုင်ကြသည့် အဆိုပါ မဲ ဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုး၊ ကျား ဖြူနှင့် ‘၀’လစ်ဘရယ် ဒီမိုကရက် တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ လည်း ၀င်ပြိုင်ခဲ့သည်။
ဦးကျော်ခင်သည် ၁၉၉၀ ရွေး ကောက်ပွဲတွင် NLD တောင်ကြီး မြို့နယ် အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်ဖြစ်ကာ လက်ရှိ၌ တောင်ကြီးမြို့နယ် NLD ဗဟိုအ လုပ်အမှုဆောင်တစ်ဦးဖြစ်သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် အမှတ်(၁)တွင် NLD ပါတီကို ကိုယ်စားပြုကာ ၀င်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။
ဦးစိုင်းမြင့်မြတ်သည် လက် ရှိတွင် တောင်ကြီးမြို့နယ် ကျား ခေါင်းပါတီ ဒုဥက္ကဋ္ဌအဖြစ်တာဝန် ယူနေသည်။
7Daydaily
No comments:
Post a Comment