Latest News

Saturday, April 15, 2017

မုန်တိုင်းဖြတ်သန်းမည်ဟု ခန့်မှန်း

မုန်တိုင်းဖြတ်သန်းမည်ဟု ခန့်မှန်း
ပိုတို - MOI
မုန်တိုင်းဖြတ်သန်းမည်ဟု ခန့်မှန်းထားသည့် သံတွဲမြို့သို့ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

" ကျတော်တို့ သံတွဲကို ဒီနေ့ပဲ ရောက်နေပါတယ်။ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ပေါ့။တကယ်လို့ ဖြစ်လာရင်လည်း ချက်ချင်း ဖြေရှင်းဆောင်ရွက်လို့ရအောင်" ဟုရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံ/ဘဏ္ဏာဝန်ကြီး ဦးကျော်အေးသိန်းကပြောသည်။

လတ်တလောအချိန် မုန်တိုင်းငယ်လမ်းကြောင်းအရ သင်္ကြန်အတက်နေ့ ညပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်တောင်ပိုင်းကို သံတွဲမြို့အနီးမှဖြတ်ကျော်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက်မိုးကြီးမည့် အန္တရာယ် အထူးသတိပြုကြရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။

" လောလောဆယ်တော့ မုန်တိုင်းကတော့ အားဆက်ကောင်းနေတယ်။ ဆိုင်ကလုန်း မုန်တိုင်းအဆင့်အထိ တက်လာမယ်။မနက်ဖြန်(ဧပြီ ၁၆ )ညလောက်က စဖြတ်မယ်။ သန်ဘက်ခါ(ဧပြီ ၁၇)မနက်ကျ ကမ်းခြေကို ဝင်သွားမယ်။ အန္တရာယ် အရှိနိုင်ဆုံးကတော့ ပင်လယ်ပြင်မှာ လှိုင်းနဲ့ မကွေးတိုင်းဖက်မှာ ရုတ်တရက်ရေကြီးတာပေါ့။ အဲ့ဒီနှစ်ခုကတော့ အန္တရာယ်အကြီးဆုံးလို့ ထင်တာပဲ။ ကျန်တာကတော့ ကမ်းရိုးတန်းဒေသတွေမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ လောက်တော့ ရှိနိုင်တယ်" ဟု  ဧပြီ ၁၅ရက် တိုင်းတာချက်အရ  မုန်တိုင်းငယ်သည်  ဆက်လက်အားကောင်းလာနေပြီး  ယနေ့ညနေပိုင်းတွင်  အပူပိုင်းမုန်တိုင်း (Tropical storm) အဆင့်ဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကာ ရခိုင်ပြည်နယ် နှင့် မြစ်ဝကျွန်းပေါ်ဒေသ ဆက်စပ်နေသော မြန်မာ့ပင်လယ်ပြင်တွင်လည်းလေပြင်းနှင့် လှိုင်းကြီးမည့် အခြေအနေကို သတိပြုရန် လိုအပ်နေကြောင်း အကြံပြုထားသည်။
သတင်း - အောင်သစ်လွင်(7Day News)

No comments:

Post a Comment