Latest News

Thursday, April 20, 2017

အမြန်လမ်းမကြီးတွင် သင်္ကြန်ကာလ ယာဉ်မတော်တဆမှုကြောင့် ၄ ဦး သေဆုံး

အမြန်လမ်းမကြီးတွင် သင်္ကြန်ကာလ ယာဉ်မတော်တဆမှုကြောင့် ၄ ဦး သေဆုံး


ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၁၇ ကြိမ်ဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးက သိရပါတယ်။


ယာဉ်မတော်တဆမှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး အမျိုသား ၁၀ ဦး နဲ့ အမျိုးသမီး  ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


၂၀၁၆ သင်္ကြန်ကာလကလည်း အမြန်လမ်းမကြီးပေါ်မှာ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ ယာဉ်မတော်တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦး ဒဏ်ရာရှိသူ ၇၈ ဦးအထိရှိခဲ့တဲ့အတွက် ၂၀၁၇ သင်္ကြန်မှာ ယာဉ်မတော်တဆမှုအကြိမ်ရေ ကျဆင်းခဲ့သလို ဒဏ်ရာရရှိသူဦးရေ လျှော့ကျသွားခဲ့တယ်လို့  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။ ဒီဗွီဘီ

သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment