Latest News

Wednesday, April 26, 2017

အမျိုးသမီးတဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူများကို ဖမ်းမိ

အမျိုးသမီးတဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူများကို ဖမ်းမိ


ပဲခူးတိုင်း သာယာဝတီခရိုင် သုံးဆယ်နယ်မြေမှာ လက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်းပေးမယ်လို့ ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့ရာမှာပါဝင်သူ ၇ ဦးကို  ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု ဇရပ်ကြီးနေ  အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးကို သာယာဝတီမြို့နယ် ဆရာစံမြို့သစ်နေသူ မမာမာဆိုသူက လက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်းပေးမယ်ပြောဆိုစည်းရုံးခဲ့ပြီး သုံးဆယ်မြို့ ဆရာစံမြို့ သစ်နေသူ ဒေါ်အေးမြင့်နေအိမ်ကို ပို့ဆောင်ခဲ့ပါတယ်။

ဒေါ်အေးမြင့်ကတဆင့် ဇီးကုန်းမြို့ အမှတ် ၅ လမ်းနေသူ ဦးလှိုင်တင့်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနေအိမ်ကို ဆက်လက် ပို့ဆောင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ အဆိုပါအမျိုးသမီးကို ဦးလှိုင်တင့်နဲ့ ဇနီးဖြစ်သူတို့က ငွေကြေး တစုံတရာမပေးဘဲ အမျိုးသားတွေနဲ့ တဦးကို ၁၅၀၀၀ ကျပ်ယူပြီး ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ် ခိုင်းစေခဲ့ကြောင်း၊ ဦးလှိုင်တင့်ကိုယ်တိုင်လည်း တကြိမ်ပြုကျင့်ခဲ့ကြောင်း ပဲခူး အမှတ် ၃ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ သာယာဝတီ ရုံးခွဲမှ ရဲအုပ် လှဇော်ဝင်းက ပြောပါတယ်။

ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ် ခိုင်းစေခဲ့ပြီးနောက် ဦးလှိုင်တင့်နဲ့ ဇနီးတို့ဟာ အမျိုးသမီးကို အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ ဘောလုံးကွင်းအနီးရှိ ဒေါ်မေသူထံ ငွေ ၁၃၀၀၀၀နဲ့ ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဒေါ်မေသူကလည်း ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့ကြတဲ့  ဒေါ်မာမာ၊ ဒေါ်အေးမြင့်၊ ဦးလှိုင်တင့်၊ ဒေါ်သန်းသန်းအေးနဲ့ ဒေါ်မေသူ အပါအ၀င် ၇ ဦးကို ဥပဒေအရအရေးယူပေးဖို့ ဧပြီ ၂၅ ရက်နေ့မှာ ကျူးလွန်ခံရတဲ့ အမျိုးသမီးကိုယ်တိုင် တရားလို ပြုလုပ်တိုင်ကြားခဲ့တာလို့ ရဲအုပ် လှဇော်ဝင်းက ပြောပါတယ်။

တရားခံအားလုံးကို ဖမ်းဆီးရမိထားပြီး သုံးဆယ်နယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ-၂၄အရ တဲ့သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဧပြီ ၂၆ရက်နေ့က ပြုလုပ်ခဲ့အမှုဖွင့် အရေးယူထားကာ အမြန်ဆုံး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သုံးဆယ်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
သတင်းပေးပို့ - ဝဏ္ဏထွန်း(ဒီဗွီဘီ)

No comments:

Post a Comment