Latest News

Tuesday, April 18, 2017

ေသာက္သုံးရန္မသင့္သည့္ ေရသန္႔ ၇၃ မ်ိဳး အစိုးရထုတ္ျပန္

 ျပည္သူမ်ားအၾကား ေ၀ဖန္မႈေတြ ရွိေနတာေၾကာင့္ ေသာက္သံုး ရန္မသင့္တဲ့ ေရသန္႔ ၇၃ မ်ိဳးကို အစိုးရက ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။
ေသာက္သံုး ရန္မသင့္တဲ့ ေရသန္႔ေတြကို က်န္းမာေရး ၀န္ႀကီးဌာန၊ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာနက အရည္အေသြး မီ မမီ စစ္ေဆးထားျခင္း မရွိတဲ့အတြက္ ေရသန္႔အရည္အေသြး အာမခံခ်က္ မရွိဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပ ထားပါတယ္။

ေသာက္သံုးဖို႔မသင့္ဖို႔ ေၾကညာတဲ့ ေရသန္႔ေတြထဲမွာ ဧရာ၀တီတိုင္းနဲ႔ တနသၤာရီတိုင္း ေဒသႀကီး လိပ္စာ
ေတြနဲ႔ ထုတ္ေ၀ေနတဲ့ Zhulian အမ်ဳိးအစား ၁၃ မ်ဳိး၊ အႏိႈင္းမဲ့ေသာက္ေရသန္႔၊ ဧရာ၀တီတိုင္းက Beyond Water ေသာက္ေရသန္႔၊ ရန္ကုန္တုိင္းေဒသႀကီးမွာ ထုတ္ေ၀ေနတဲ့ Apolo၊ ရပ္မိရပ္ဖ၊ Seven Elevenနဲ႔ OMIZU ေသာက္ေရသန္႔၊ မႏၱေလးတုိင္း ေဒသႀကီးမွာ ထုတ္ေ၀ေနတဲ့ Star Sky Blue၊ လြင္မင္းခန္႔၊
ေအာင္၊၊ So Pyay ၊ BA၊ ေရႊယမင္းနဲ႔ ေရႊ႕ၿမိဳ႕ေတာ္ ေသာက္ေရသန္႔အပါအ၀င္ ၇၃ မ်ဳိးကုိ ေၾကညာ တာ ျဖစ္ပါတယ္။




မႏွစ္ကျပဳလုပ္ခဲ့တဲ့ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ စာတမ္းဖတ္ပြဲတခု အတြင္း ျမန္မာႏုိင္ငံမွာ ထုတ္လုပ္ျဖန္႔
ျဖဴးေရာင္းခ်ေနတဲ့ ေရသန္႔၂၀ ေက်ာ္ဟာ ေသာက္သံုးရန္မသင့္ဘူးလို႔ ေဖာ္ျပပါရွိခဲ့ၿပီးတဲ့ေနာက္ ျပည္သူေတြက ဘယ္ ေရသန္႔ေတြ ေသာက္ဖို႔ မသင့္ဘူးလဲဆိုတာထုတ္ျပန္ေၾကညာေပးဖို႔ ေတာင္းဆိုေနၾကတာ ျဖစ္ပါ တယ္။

ဒါေပမယ့္ အခုထုတ္ျပန္လိုက္တဲ့ ေသာက္သံုးဖို႔မသင့္တဲ့ ေသာက္ေရသန္႔အမ်ိဳးအစားေတြကေတာ့ အဲ့ဒီစာ တမ္းပါ ေသာက္ေရသန္႔ ဟုတ္ မဟုတ္ မေျပာႏိုင္ဘဲ အစားအေသာက္ေဆး၀ါးကြပ္ကဲစစ္ေဆးေရးဌာနက ပံုမွန္စစ္ေဆးေတြ႔ရွိတာကို ထုတ္ျပန္တာသာျဖစ္ေၾကာင္း အဲ့ဒီဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာ ထြန္းေဇာ္က ေျပာပါတယ္။

ေသာက္သံုးဖို႔မသင့္တဲ့ ေသာက္ေရသန္႔ ထုတ္လုပ္သူေတြကို စက္ရံုပိတ္သိမ္းတဲ့အထိ အေရးယူဖို႔ လုပ္ေဆာင္ထားတယ္လို႔ သူက ေျပာပါတယ္။

“အဲ့ဒီေရသန္႔လိပ္စာပါတဲ့ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြကို က်ေနာ္တို႔က ဒီဟာေတြ ဆက္လက္အေရး ယူေပးဖို႔ အေၾကာင္းၾကားထားပါတယ္။ အေရးယူတဲ့ေနရာမွာ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ အေရးယူမႈနဲ႔ဥပေဒ အရအေရးယူတာ ႏွစ္ပိုင္း ရွိတာေပါ့ေနာ္။ အဲ့ဒီေတာ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ အေရးယူတာကို သက္ဆိုင္ရာ တိုင္း ခရိုင္ၿမိဳ႕နယ္ အစားအေသာက္နဲ႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီကို လုပ္ပိုင္ခြင့္ ေပးထား ပါတယ္။ သက္ဆိုင္ရာတိုင္း ခရိုင္ ၿမိဳ႕နယ္ အစားအေသာက္နဲ႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီေတြက အဲ့ဒီစက္ရံုေတြကို ပိတ္သိမ္းပိုင္ခြင့္ ရွိပါတယ္။”

သူေျပာသလို ေသာက္သံုးရန္မသင့္တဲ့ ေသာက္ေရသန္႔စက္ရံုေတြ ပိတ္သိမ္းျခင္း ရွိ မရွိ္ ေစာင့္ၾကည့္ရ မွာျဖစ္ၿပီး က်န္းမာေရးအစားအေသာက္စစ္ေဆးေရးဌာန စာရင္းဇယားေတြအရ ျပည္တြင္းမွာ ထုတ္လုပ္
ျဖန္႔ခ်ိေနတဲ့ ေသာက္ေရသန္႔အမ်ိဳးအစားေပါင္း ၈၀၀ ေက်ာ္ ရွိပါတယ္။

Credit:ေရႊေအာင္ | DVB


#Unicode Version
 ပြည်သူများအကြား ဝေဖန်မှုတွေ ရှိနေတာကြောင့် သောက်သုံး ရန်မသင့်တဲ့ ရေသန့် ၇၃ မျိုးကို အစိုးရက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

သောက်သုံး ရန်မသင့်တဲ့ ရေသန့်တွေကို ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အရည်အသွေး မီ မမီ စစ်ဆေးထားခြင်း မရှိတဲ့အတွက် ရေသန့်အရည်အသွေး အာမခံချက် မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

သောက်သုံးဖို့မသင့်ဖို့ ကြေညာတဲ့ ရေသန့်တွေထဲမှာ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီး လိပ်စာ
တွေနဲ့ ထုတ်ဝေနေတဲ့ Zhulian အမျိုးအစား ၁၃ မျိုး၊ အနှိုင်းမဲ့သောက်ရေသန့်၊ ဧရာဝတီတိုင်းက Beyond Water သောက်ရေသန့်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ထုတ်ဝေနေတဲ့ Apolo၊ ရပ်မိရပ်ဖ၊ Seven Elevenနဲ့ OMIZU သောက်ရေသန့်၊ မန္တလေးတိုင်း ဒေသကြီးမှာ ထုတ်ဝေနေတဲ့ Star Sky Blue၊ လွင်မင်းခန့်၊
အောင်၊၊ So Pyay ၊ BA၊ ရွှေယမင်းနဲ့ ရွှေ့မြို့တော် သောက်ရေသန့်အပါအဝင် ၇၃ မျိုးကို ကြေညာ တာ ဖြစ်ပါတယ်။

မနှစ်ကပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာတမ်းဖတ်ပွဲတခု အတွင်း မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်
ဖြူးရောင်းချနေတဲ့ ရေသန့်၂၀ ကျော်ဟာ သောက်သုံးရန်မသင့်ဘူးလို့ ဖော်ပြပါရှိခဲ့ပြီးတဲ့နောက် ပြည်သူတွေက ဘယ် ရေသန့်တွေ သောက်ဖို့ မသင့်ဘူးလဲဆိုတာထုတ်ပြန်ကြေညာပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါ တယ်။

ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ သောက်သုံးဖို့မသင့်တဲ့ သောက်ရေသန့်အမျိုးအစားတွေကတော့ အဲ့ဒီစာ တမ်းပါ သောက်ရေသန့် ဟုတ် မဟုတ် မပြောနိုင်ဘဲ အစားအသောက်ဆေးဝါးကွပ်ကဲစစ်ဆေးရေးဌာနက ပုံမှန်စစ်ဆေးတွေ့ရှိတာကို ထုတ်ပြန်တာသာဖြစ်ကြောင်း အဲ့ဒီဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ပြောပါတယ်။

သောက်သုံးဖို့မသင့်တဲ့ သောက်ရေသန့် ထုတ်လုပ်သူတွေကို စက်ရုံပိတ်သိမ်းတဲ့အထိ အရေးယူဖို့ လုပ်ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

“အဲ့ဒီရေသန့်လိပ်စာပါတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို ကျနော်တို့က ဒီဟာတွေ ဆက်လက်အရေး ယူပေးဖို့ အကြောင်းကြားထားပါတယ်။ အရေးယူတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးယူမှုနဲ့ဥပဒေ အရအရေးယူတာ နှစ်ပိုင်း ရှိတာပေါ့နော်။ အဲ့ဒီတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးယူတာကို သက်ဆိုင်ရာ တိုင်း ခရိုင်မြို့နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီကို လုပ်ပိုင်ခွင့် ပေးထား ပါတယ်။ သက်ဆိုင်ရာတိုင်း ခရိုင် မြို့နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတွေက အဲ့ဒီစက်ရုံတွေကို ပိတ်သိမ်းပိုင်ခွင့် ရှိပါတယ်။”

သူပြောသလို သောက်သုံးရန်မသင့်တဲ့ သောက်ရေသန့်စက်ရုံတွေ ပိတ်သိမ်းခြင်း ရှိ မရှိ စောင့်ကြည့်ရ မှာဖြစ်ပြီး ကျန်းမာရေးအစားအသောက်စစ်ဆေးရေးဌာန စာရင်းဇယားတွေအရ ပြည်တွင်းမှာ ထုတ်လုပ်
ဖြန့်ချိနေတဲ့ သောက်ရေသန့်အမျိုးအစားပေါင်း ၈၀၀ ကျော် ရှိပါတယ်။

Credit:ရွှေအောင် | DVB

No comments:

Post a Comment