‘‘ဌာနအတွက်ရော အစိုးရအတွက်ပါ မျက်နှာပျက်စရာဖြစ်နေတာကို တာဝန်ရှိသူများ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သင့်ပါတယ်’’
ရာသီဥတုပြောင်းလဲမှုနှင့် ဖောက်ပြန်နေမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း သိသိသာသာ ခံစားလာနေရသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးနှိပ်စက်မှုကြောင့်
ဒေသတွင်း အာရှနိုင်ငံများထက် မလျော့သော ထိခိုက်ဆုံးရှုံးမှုများရင် ဆိုင်လာရသည်။ ယခုလို မိုးဦးကာလနှင့်မိုးတွင်းကာလ၌ ဖြစ်တတ်သော မုန်တိုင်းများနှင့် နေရာကွက်မိုးကြီးခြင်း၊ လေပြင်းကျခြင်းဖြစ်စဉ်များ ကြောင့် ၂၀၁၆အတွင်း လူဦးရေ ရာချီသေဆုံးခဲ့သလို ယခုကာလတွင် လည်း လူဆယ်ဦးထက်မနည်း သေဆုံးကာ အိမ်ခြေတစ်ထောင် ကျော် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဖောက်ပြန်မှုက ခြိမ်းခြောက်နေ သော်လည်း အစိုးရ၏ မိုးလေဝသသတင်းထုတ်ပြန်ချက်များသည် လိုအပ် ချက်များရှိနေကြောင်း
လူထုက ဝေဖန်မှုများရှိနေသည်။ လက်ရှိအချိန်တွင် ရာသီဥတုသတင်းများအား ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဖုန်း မက်ဆေ့ခ်ျ၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စသည်တို့မှတစ်ဆင့် ထုတ်ပြန်ပေး နေသော မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အစိုးရဌာနဖြစ်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထက် ပို၍ တိကျသော မိုးလေဝသ ခန့်မှန်းချက်များ ထုတ်ပြန်ပေးနေနိုင်သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဖုန်းအသုံးပြုမှုများသော ယနေ့ခေတ်တွင် ဒေါက်တာ ထွန်း လွင်၏တိကျထိရောက်သော ခန့်မှန်းချက်များကြောင့် လူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအပိုင်း ပိုမို ဆောင်ရွက်လာ နိုင်သည်ကို အထင်အရှားတွေ့နေရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ လွန်ခဲ့သော ရှစ်နှစ်ခန့်က အငြိမ်းစားယူခဲ့ပြီး ယခုအခါ ပညာရှင်အနေဖြင့် လူထု၏ယုံကြည်အားကိုးမှုရထားသည့် ဒေါက်တာ ထွန်းလွင်ကို 7Day News ဂျာနယ်က တွေ့ဆုံကာ ပညာရပ်ဆိုင်ရာမိုးလေဝသခန့်မှန်းချက်များနှင့်အနာဂတ်ကာလတွင် ဖြစ်နိုင်သော ရာသီ ဥတု အခြေအနေများကို မေးမြန်းထားပါသည်။
အခုနောက်ဆုံးဖြစ်တဲ့ မာရုသာ မုန်တိုင်းသတင်းကနေ စလိုက်ရ အောင်ပါ ခင်ဗျာ။ မာရုသာမုန် တိုင်းမဖြစ်ခင် ငါးရက်လောက်အ လိုကတည်းက ဆရာက ကြိုတင် သတိပေးနိုင်ခဲ့တယ်။ မုန်တိုင်းဝင် မယ့်အချိန်နဲ့နေရာရယ်၊
လေတိုက်နှုန်းကိုလည်း သုံးရက်လောက်အ လိုမှာ ခန့်မှန်းပေးခဲ့တယ်။ ဒီမုန် တိုင်းကို ဘယ်လိုခြေရာခံနိုင်ခဲ့တာ ပါလဲ ဆရာ။ လေဖိအားနည်းရပ် ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီး အားပျော့ပျက်ပြယ်သွားတဲ့ အဆင့်အထိ ဆရာ့ရဲ့ မုန်တိုင်း လမ်းကြောင်း သတင်းရယူမှုအ တွေ့အကြုံကို ရှင်းပြပါလား။
မာရုသာမုန်တိုင်းနဲ့ ပတ် သက်ပြီး ဆရာဆောင်ရွက်ခဲ့တာ လေးတွေကို အကျဉ်းချုံးဖော်ပြရ ရင်တော့ (၁) ဒီနှစ်မတ်လလောက် ကတည်းက မေလအထိ မြန်မာ့ ရေပြင်ရဲ့ ပင်လယ်ရေအပူချိန်တွေ ဟာ ဖြစ်မြဲထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်မှ ၁ ဒသမ ၀ ဒီဂရီ စင်တီဂရိတ်လောက်အထိ ပိုမြင့် နေလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်ကို တွေ့တော့ ဒီနှစ်မြန်မာ့ကမ်းရိုး တန်းမှာ မုန်တိုင်းအန္တရာယ်သတိ ထားရလိမ့်မယ်လို့ သတိပြုမိ တယ်။ အကြောင်းကတော့ ပင် လယ်ရေမျက်နှာပြင်အပူချိန်မြင့် တက်မှုဟာ မုန်တိုင်းဖြစ်ဖို့ရာမှာ အရေးကြီးတဲ့လိုအပ်ချက်တစ်ခု ဖြစ်နေလို့ပါပဲ။ (၂) အဲဒါကြောင့် မုန်တိုင်းများစတင်ဖြစ်နိုင်တဲ့ ဧပြီ လဆန်းကတည်းက မုန်တိုင်းများ ဖြစ်လေ့ရှိတဲ့ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းရေပြင်ကို အမြဲစောင့်ကြည့်နေခဲ့တယ်။ မျှော် လင့်ထားတဲ့အတိုင်းပဲ သင်္ကြန်မ တိုင်မီလေးမှာ ထိုင်းပင်လယ်ကွေ့ အတွင်းက အရှေ့လေပွေလှိုင်း တစ်ခုဟာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းကို ဝင်လာပြီး ဘင်္ဂ လားပင်လယ်အော်အရှေ့တောင် ပိုင်းရေပြင်ပေါ်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်လာတယ်။ ဒီနေရာမှာ ကွယ်လွန်သွားကြရှာပြီဖြစ်တဲ့ မိုး လေဝသဖခင်ကြီး ဆရာဦးသုတနဲ့ ဆရာ ဦးစံကျော်တို့ ပြုစုခဲ့ကြတဲ့ ဘင်္ဂလားပင်လယ်အော်နှစ်(၁၀၀) မုန်တိုင်းများစာအုပ်ထဲက တွေ့ရှိ ချက်ကို သတိရလာတယ်။ ဆရာ ကြီးတွေက သူတို့ရဲ့နှစ်ပေါင်း ၁၀၀ အတွင်း ဘင်္ဂလားပင်လယ် အော်မှာဖြစ်ခဲ့ကြတဲ့ မုန်တိုင်းတွေ ကို စာရင်းအင်းနည်းပညာနဲ့
လေ့ လာခဲ့ရာမှာ မြန်မာပိုင်ပရီပဲရစ် ကျွန်းအနီး ရေပြင်ပေါ်မှာ အစပျိုး ဖြစ်ကြတဲ့ မုန်တိုင်းတွေဟာ မြန် မာပြည်ကို ဝင်တတ်တယ်ဆိုတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ ဒီအချက် ကြောင့် ဒီလေဖိအားနည်းရပ်ဝန်း ဟာ စောင့်ကြည့်ရမယ့်အရာ၊ အ လွတ်ပေးလို့မရတဲ့ အရာလို့ သတိ ထားခဲ့ပါတယ်။
(၃) မုန်တိုင်းကို စောင့်ကြည့် ခဲ့တဲ့နေရာမှာ အဓိကအသုံးပြုခဲ့တဲ့ နည်းပညာတွေကတော့ Space Technology, IT Technology နဲ့ Numerical Weather Prediction နည်းပညာတွေကို အခြေခံအချက် အလက်များအဖြစ်
အသုံးပြုခဲ့ တယ်။ အဲဒီအချက်တွေအပေါ်မှာ ထပ်လောင်းအသုံးပြုခဲ့တဲ့ နည်း ပညာကတော့ နှစ်ပေါင်း ၄၅ နှစ် ကြာ ဌာနတွင်းမှာလုပ်ခဲ့တဲ့ ကာလ အတွင်း မဆုတ်မနစ်လေ့လာခဲ့တဲ့ ပြည်တွင်း၊ ပြည်ပမိုးလေဝသ ဆရာကြီးများရဲ့သင်ကြားမှုတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို လည်း အသုံးပြုခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတု သတင်းတွေမှာ ဆရာနဲ့ မိုးဇလ ဌာနထုတ်ပြန်ချက်ကို အဓိကအား ကိုးရပါတယ်။ ဒါပေမဲ့ မာရုသာ မုန်တိုင်းမှာ မိုးဇလက အချိန်နီး ကပ်မှ သတင်းတွေ ထုတ်ပြန် တယ်။ မိုးဇလထုတ်ပြန်ချက်တွေ မှာ တွေ့ရတဲ့ တစ်နာရီလေတိုက် နှုန်း ၅၀ ကနေ ၆၀ ဆိုတာမျိုးတွေ။ နောက်ပြီး မုန်တိုင်းဒီရေ ၄ ပေက နေ ၅ ပေအထိ တက်နိုင်တယ် ပေါ့။ တကယ်ကျ လေတိုက်နှုန်း အဲဒီလောက် မများခဲ့ဘူးလို့ ဒေသ ခံတွေဆီကနေ သိရပါတယ်။ တချို့ကတော့ မုန်တိုင်းသတင်း ထုတ်ပြန်ချက်တွေက ပိုပြောတာ ပြဿနာမရှိဘူး။ လိုပြောရင်သာ ပြဿနာရှိတယ်။ အဲဒါကြောင့် မိုးဇလက ပိုခန့်မှန်းတာ ပြဿနာ မရှိဘူးလို့ တွေးကြတာလည်း ရှိ တယ်။ ဒါပေမဲ့ တကယ်တမ်း မုန် တိုင်းကြီးတွေ ဖြစ်လာတဲ့အခါ လေးလေးနက်နက်မဖြစ်မှာ စိုးရိမ် စရာရှိလာပါတယ်။ မနှစ်ကလည်း အဲဒီလိုအတွေ့အကြုံတွေ ရှိခဲ့ပါ တယ်။ ဒါကြောင့် လူထုအနေနဲ့ ရာသီဥတုသတင်းတွေအပေါ် အာ ရုံစိုက်နိုင်အောင် မုန်တိုင်းလို သဘာဝဘေးအပြင် ရာသီဥတု သတင်းတွေကို နိုင်ငံတကာက ထုတ်ပြန်ချက်တွေနဲ့ ချိန်ထိုးပြစေ ချင်ပါတယ် ခင်ဗျာ။
ဆရာအငြိမ်းစားယူခဲ့တဲ့ ရှစ် နှစ်တာကာလအတွင်း ဒီလို မိုးဇလနဲ့ နှိုင်းယှဉ်ပြောရတာတွေ၊ ဝေဖန်ရတာတွေကို ရှောင်ခဲ့ပါ တယ်။ အကြောင်းကတော့ မိုး လေဝသဌာနနဲ့ အပြိုင်လုပ်နေ တယ်လို့ မြင်သွားမှာ စိုးရိမ်လို့ဖြစ် ပါတယ်။ မိုးလေဝသဌာနဟာ ဆရာရဲ့မိခင်ဌာနဖြစ်ပါတယ်။ ဆရာအငြိမ်းစားယူတော့ ဆရာ ဟာ အသက်အကြီးဆုံး၊ လုပ် သက်အရင့်ဆုံးအဖြစ်နဲ့ အငြိမ်း စားယူခဲ့တော့ ဆရာအငြိမ်းစားယူ ပြီးတဲ့နောက် တာဝန်ယူခဲ့ကြတဲ့သူ တွေအားလုံးဟာ အနည်းနဲ့အများ ဆရာ့တပည့်တော်ခဲ့ကြဖူးတဲ့ သူ တွေပဲ များပါတယ်။ ဘယ်ဆရာမှ တပည့်တွေနဲ့ ဆင်းမပြိုင်ပါဘူး။ ဒါပေမဲ့ ပြောစရာလေးတွေက လည်း ရှိနေတာတစ်ကြောင်း၊ ဌာနကို ပိုမိုကောင်းမွန်စေချင်တာ ကလည်း တစ်ကြောင်းကြောင့် အ ငြိမ်းစားယူခဲ့တဲ့ ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းနည်း ပြောပြချင်ပါတယ်။ မေးတဲ့မေး ခွန်းထဲမှာ (၁) မုန်တိုင်းသတင်း တွေထုတ်ပြန်တာ နည်းတယ်၊ အချိန်နီးကပ်ပြီးမှ ထုတ်တယ်။ (၂) လေတိုက်နှုန်းတွေဟာ တစ် နာရီ မိုင် ၅၀-၆၀ ဆိုပြီး တကယ် လက်တွေ့ထက် ပိုပြီး ထုတ်ပြန် တယ်။ (၃) မုန်တိုင်းဒီရေကိုလည်း ၄-၅ ပေဆိုပြီး ထုတ်ပြန်တယ်။ တကယ်လက်တွေ့မှာ မုန်တိုင်းဒီ ရေလုံးဝမတက်ဘူးဆိုတဲ့ အား နည်းချက်တွေကို ထောက်ပြပြီး မေးထားပါတယ်။ ဒီမေးခွန်းတွေ ကို ဆရာနားလည်သလောက် ဖြေ ပေးချင်ပါတယ်။ (၁) မုန်တိုင်းတွေ ဖြစ်တိုင်း ဌာနမှာ မုန်တိုင်းဂျူတီ ဆိုတာ ရှိပါတယ်။ ၂၄ နာရီပတ် လုံးဆင်းရပါတယ်။ ဒါပေမဲ့ မုန် တိုင်းသတင်းထုတ်ပြန်ဖို့ အဆုံးအ ဖြတ်ပေးနိုင်တဲ့ အရာရှိကြီးတွေက တော့ မနက် ၇ နာရီမှ ည ၁၀ နာရီအထိ ဆင်းရပါတယ်။ အဲဒီ တော့ မုန်တိုင်းထုတ်ပြန်စဉ်ကာလ တစ်လျှောက်လုံး ည ၁၀ နာရီမှ နောက်တစ်နေ့ ၇ နာရီအထိ သတင်းမထုတ်ပြန်ပါဘူး။ တစ်ခါ သတင်းတွေကို နိုင်ငံပိုင်မီဒီယာ များမှ တစ်ဆင့် ထုတ်ပြန်ပါတယ်။ ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံ ကြား စတာတွေက ဖြစ်ပါတယ်။ မြန်မာ့သတင်းစဉ်မှတစ်ဆင့်ဖြစ် ပါတယ်။ မိုးလေဝသဌာနမှ ဝန် ထမ်းတစ်ဦးက ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပို့ရပါတယ်။ တစ်ခါ သတင်းစာက တစ်နေ့မှ တစ်ကြိမ်ပဲ ထုတ်လို့ မုန်တိုင်းသ တင်းကို တစ်ကြိမ်ပဲ ဖော်ပြနိုင်ပါ တယ်။ ဘယ်လိုသတင်းမျိုးကို ဖော်ပြသလဲဆိုရင် ဥပမာ ဧပြီ ၂၄ ရက်နေ့သတင်းကို ဧပြီ ၂၄ ရက် နေ့ နံနက် ၀၉း၃၀ နောက်ဆုံးသ တင်းအခြေပြုတွက်ပါတယ်။ ဧပြီ ၂၄ ရက်နောက်ဆုံးသတင်းဟာ ဧပြီ ၂၃ ရက်နေ့က တိုင်းထားတာ တွေဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်နေ့ က တိုင်းထားတဲ့သတင်းကို ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြီး ဧပြီ ၂၅ ရက်နေ့ထုတ် သတင်းစာမှာပါလာ တော့ သတင်းဟာ နှစ်ရက်တိတိ နောက်ကျနေပြီဖြစ်ပါတယ်။ ရုပ် မြင့်သံကြားကတော့ ဧပြီ ၂၄ မှာ ည ၈ နာရီသတင်းအပြီးမှာ လွှင့် လို့ တစ်ရက်ပဲ နောက်ကျပါတယ်။ အနီးစပ်ဆုံး လုပ်နိုင်တာကတော့ ရေဒီယိုပါပဲ။ သူ(ရေဒီယို)ကတော့ မိုးလေဝသဌာနရဲ့ငယ်ပေါင်းကြီး ဖော်ကြီးဖြစ်ပြီး မြန်မာနိုင်ငံလွတ် လပ်ရေးရကတည်းက လက်တွဲ ဖော်ကြီးလည်း ဖြစ်ပါတယ်။
နောက်တစ်ခုက Breaking News လို့ အရေးပေါ်သတင်းကြေညာနိုင် ဖို့ရှိရမယ့် Right of Interruption လို့ခေါ်တဲ့ ကြားဖြတ်အရေးပေါ် သတင်းကြေညာခွင့်ပါပဲ။ ဒီအခွင့် အရေးကိုတော့ ရေဒီယိုတစ်ခုပဲ ရပါတယ်။ ပြန်ချုံ့လိုက်ရင် သတင်းစာက တစ်နေ့တစ်ကြိမ်ပဲ ကြေညာခွင့်ရတယ်။ TV က တစ် နေ့တစ်ကြိမ် (နာဂစ်အထိပဲ ရ တယ်။ ဒါပေမဲ့ ည ၈ နာရီသတင်း အပြီးမှ ကြေညာပေးတယ်)။ ရေဒီ ယိုတစ်ခုပဲ အချိန်မရွေးကြေညာ ပေးလို့ရတယ်။ ဒါပေမဲ့ ရေဒီယိုက လည်း ၂၄ နာရီအသံမလွှင့်ဘူး။ ည ၁၀ နာရီဆိုရင် မြန်မာပိုင်းပြီး တယ်။ ဒါက လူထုအတွက် သတင်းထုတ်ပြန်ရာမှာ မိုးဇလမှာ ရှိနေတဲ့ ကန့်သတ်ချက်တွေ ဖြစ်ပါတယ်။ (၂) လေတိုက်နှုန်း ကိစ္စကတော့ မဖြစ်သင့်ဘူး။ဆည်း ပူးမှုအားနည်းရင်တော့ ဖြစ်တတ် ပါတယ်။ ဒါကတော့ မဖြစ်အောင် ကြိုးစားသင့်ပါတယ်။ (၃) အပြော ချင်ဆုံးကတော့ မုန်တိုင်းဒီရေကိစ္စ ပဲ။ ဌာနကနေ ဆရာအငြိမ်းစားယူ ပြီးကတည်းက မိုးလေဝသဌာနက မုန်တိုင်းဖြစ်တိုင်း မုန်တိုင်းဒီရေ သတိပေးချက်ထုတ်တယ်။ ထုတ် ပြန်တိုင်းလည်း ဒီရေအမြင့်တွေကို လက်တွေ့ကထက် အများကြီးပို ထုတ်တယ်။ ထုတ်ပြန်တိုင်းလည်း လွဲတယ်။ ရေတစ်လက်မမှမတက် တဲ့မုန်တိုင်းလည်း ၁၂ ပေတက် မယ်လို့ ထုတ်တယ်။ စောစောပိုင်း က ပိုဆိုးတယ်။ မုန်တိုင်းအင်အား ဘယ်လောက်ရှိရှိ ဒီရေ ၁၂ ပေ တက်မယ်ချည်းပဲ။ ဒါကိုကြည့်ရင် တစ်ခုသေချာတာကတော့ မုန် တိုင်းသတင်းထုတ်ပြန်နေတဲ့သူ တွေမှာ မုန်တိုင်းဒီရေအကြောင်း နားလည်တဲ့သူ မရှိဘူးဆိုတာ ထင် ရှားတယ်။ ရှိတဲ့သူကလည်း ဝင်မ လုပ်ဘူးဖြစ်နိုင်ပါတယ်။ဒါကတော့ တော်တော်အရုပ်ဆိုးပါတယ်။ ဌာနမှာဆရာရှိစဉ်က ၁၉၈၂ကတည်းက မုန်တိုင်းဒီရေခန့်မှန်းတဲ့ ကိုယ် ပိုင်ပုံသေနည်း Empiriocal For- mula တစ်ခုထွင်ခဲ့ပြီးပါပြီ။ စာ တမ်းတွေလည်းဖတ်ခဲ့ပြီးပြီ။ ရုံးမှာ လည်း ပုံသေနည်းကိုနှစ်ပေါင်းများ စွာ အသုံးပြုခဲ့ပြီးပါပြီ။ ဘာကြောင့် ဒီလောက်တက်တက်စင်အောင် လွဲမှားနေကြရတာလဲ။ ဌာနအ တွက်ရော အစိုးရအတွက်ပါ မျက် နှာပျက်စရာဖြစ်နေတာကို တာဝန် ရှိသူများ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါတယ်။
နောက်မေးခွန်းတစ်ခုကတော့ လူ ထုအတွက် လိုအပ်တဲ့ တိကျတဲ့ မိုးလေဝသသတင်းတွေ ထုတ်ပြန် နိုင်ရေးအတွက် အဓိကအချက် တစ်ခုအနေနဲ့ ရည်ရွယ်ပါတယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ ဖူးပါတယ်။ ၂၀၁၄ မှာ ဆရာဆေး ရုံတက်နေရတဲ့အချိန် ပင်လယ်မှာ မုန်တိုင်းဖြစ်တော့ ဆရာဖြေမပေး နိုင်ခဲ့လို့ သတင်းဌာနတစ်ခုအနေနဲ့ သတင်းထုတ်ပြန်ရေးအပိုင်းမှာ အ ခက်ကြုံခဲ့ရပါတယ်။ ဒါကြောင့် ရေရှည်မှာ မိုးလေဝသသတင်း တွေ ထုတ်ပြန်ရေးအတွက် မိုး ဇလအပြင် ပညာရှင်တွေပါဝင်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းမျိုး လိုအပ် နေပြီလို့ ထင်ပါသလား ဆရာ။ အစိုးရနဲ့ မိုးဇလဌာနကိုကော ဘာ တွေ အကြံပေးချင်ပါသလဲ။
ယနေ့ခေတ်ကာလမှာ အစိုး ရဌာန၊ ပြင်ပအဖွဲ့အစည်းဆိုပြီး စီးခြားထားရမယ့်ကာလမဟုတ်ပါ ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ PSO, NGO, LNGO, UNGO တွေ ကို အလေးထားဆောင်ရွက်လာ တာကို နေရာတကာမှာ တွေ့နိုင် ပါတယ်။ ရာသီဥတုပညာရှင်ရှား ပါးတဲ့နိုင်ငံအနေနဲ့ You need all the helps you can get ဆိုတဲ့မူ ကို ကျင့်သုံးသင့်ပါတယ်။
ဆရာက မုန်တိုင်းသတင်းနဲ့သဘာ ဝဘေးသတင်းတွေကို တိတိကျ ကျခန့်မှန်းနေပါတယ်။ ဒါကို မြင် သာပါတယ်။ ဆရာ့ရဲ့ခန့်မှန်းချက် တွေ ကောင်းနေတဲ့ အဓိက လျှို့ ဝှက်ချက်က ဘာကြောင့်လဲ။ နိုင်ငံ တကာက မိုးလေဝသဌာန ခန့်မှန်း ချက်တွေကို ကိုးကားချိန်ညှိပြီး ခန့် မှန်းတာလား၊ ဒါမှမဟုတ် ဆရာ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ သမ္ဘာကြောင့်လား။ နောက်မျိုး ဆက်သစ်တွေ သိရအောင် ပြော ပြပေးပါလားခင်ဗျာ။
ပညာ၊ သမ္ဘာ၊ စေတနာဆို တာတွေဟာ ဒီအလုပ်မှာ စကား ပြောပါတယ်။ ဆရာနဲ့ တခြားသူ တွေ ကွာခြားနေတယ်လို့ ယူဆ တယ်ဆိုရင်လည်း အဓိကကွာခြား နိုင်တာကတော့ သမ္ဘာနဲ့ စေတနာ သာ ဖြစ်ပါလိမ့်မယ်။
အခု လတ်တလော ရာသီဥတု ဘက် လှည့်ရအောင်ပါ ဆရာ။ လောလောဆယ် ဆရာသတိပေး နေတာက စိုက်ဆင်းလေပြင်းနဲ့ မိုးကြိုးဖြစ်သလို ဒေသတချို့မှာ လည်း လူသေဆုံးတဲ့အထိ ဆိုးဆိုး ရွားရွား ရင်ဆိုင်နေရတယ်။ လူ တွေက မုန်တိုင်းဟေ့ဆိုတော့မှသာ သတိထားကြတာ။ အခုဖြစ်နေတဲ့ လေပြင်းနဲ့မိုးကြိုးက ပိုပြီးဒုက္ခပေးနေတာကို သတိမမူမိကြဘူး။ မိုးရာသီမရောက်မီ ဒီလက်ကျန် နွေကာလမှာ စိုက်ဆင်းလေပြင်းနဲ့ မိုးကြိုးအန္တရာယ် ဘယ်လောက်အထိ များနေပါလဲ ဆရာ။
မိုးတိမ်တောင်တွေကြောင့် အန္တရာယ်တွေ တိုးလာနေပြီဆို တာကို ဆရာသတိပေးဟောပြော နေခဲ့တာ ကြာပါပြီ။ မြန်မာပြည် မှာ ၁၉၇၈ ကတည်းက စတင်ပြီး မုတ်သုံလေအဝင်မှာ နောက်ကျ လာပြီး အထွက်မှာ စောလာခဲ့ တယ်။ အဲဒါကြောင့် မိုးကြိုကာလ နဲ့ မိုးလွန်ကာလတွေဟာ ပိုရှည် ကြာလာခဲ့တယ်။ အရင်တုန်းက မိုးကြိုကာလဆိုတာ ဧပြီ ၁၅ ရက် မှ မေလ ၁၅ ရက်အထိ ရက် ၃၀ ပဲရှိတယ်။ အခု မုတ်သုံအဝင် နောက်ကျလို့ ဧပြီ ၁၅ ရက်မှ မေ လအကုန်ဖြစ်လာပြီး ၄၅ ရက်ဖြစ် လာတယ်။ အလားတူပဲ မိုးလွန် ကာလဆိုတာ အရင်က အောက် တိုဘာ ၁၀ ရက်မှ နိုဝင်ဘာလကုန် အထိ ရက် ၅၀ ပဲ ရှိတယ်။ အခု မုတ်သုံအထွက်စောလို့ စက်တင် ဘာ ၁၅ ရက်မှ နိုဝင်ဘာလကုန် အထိ ၇၅ ရက်ဖြစ်လာတယ်။ ခက် တာက မိုးကြိုကာလနဲ့ မိုးလွန်ကာ လတွေဆိုတာ လေထုမငြိမ်သက် တဲ့ ကာလတွေမို့ မိုးတိမ်တောင် တွေဖြစ်တတ်ပြီး မုန်တိုင်းတွေ ဝင် တတ်တယ်။ အဲဒါကြောင့် အခု နောက်ပိုင်း မိုးတိမ်တောင်တွေ ပို အဖြစ်များလာပြီး မြန်မာနိုင်ငံရဲ့ မုန်တိုင်းရာသီကာလလည်း ပိုရှည် လာတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၀၆ ကစတင်ပြီး မိုးတိမ်တောင် တွေကြောင့် သဘာဝဘေးတွေ ပိုတွေ့လာရတယ်။ မိုးကြိုးအပစ်ခံ ရလို့ သေဆုံးသူတွေပဲ နှစ်စဉ် ၁၀၀အထက် ကျော်နေပြီ။ မုန်တိုင်း အန္တရာယ်ကလည်း နှစ်တိုင်းကြုံရ တယ်။ ဒီနှစ်မှာပဲ မိုးသီးကြွေတာ။ မိုးကြိုးပစ်တာ။ လေပြင်းတိုက်တာ တွေအပြင် မကြာမီကပဲ မာရုသာ မုန်တိုင်း ဝင်ရောက်ခဲ့ပါသေး တယ်။ ဒါကြောင့် လာမယ့် မေလ ကုန်လောက်အထိ မိုးတိမ်တောင် ရော၊ မုန်တိုင်းရော အန္တရာယ်ကို သတိပြုကြဖို့ လိုပါလိမ့်မယ်။
လူထုအနေနဲ့ကော စိုက်ဆင်းလေပြင်းနဲ့ မိုးကြိုးအန္တရာယ် ကာကွယ်နိုင်ဖို့ ဘယ်လိုအသိရှိနေရမလဲနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာ အကြံပြုပါဦးဆရာ။
ပထမဆုံးကတော့ မိုးတိမ် တောင်ရဲ့ ဒီအန္တရာယ်ဟာ နှစ်စဉ် နှစ်တိုင်း မိုးကြိုကာလ (ဧပြီလနဲ့ မေလတွေ)မှာ အဖြစ်များတယ်။ မိုးတိမ်တောင်ဆိုတာ အလွန်မြင့် မားတဲ့ တိမ်တောင်ကြီးတွေဖြစ်လို့ သိသာနိုင်တယ်။ အမြဲတမ်း မွန်းလွဲ၊ညနေတွေမှာ ဖြစ်တတ်ပါတယ်။ အကျယ်အဝန်း ၁၀ မိုင်ခန့်သာ အ ချင်းဝက်ရှိတတ်လို့ နေရာကွက်ပြီး ရာသီဥတုဆိုးတတ်တယ်။ မိုးတိမ် တောင်က ပေးတတ်တဲ့ ရာသီဥတု ဖြစ်စဉ် ၁၀ မျိုးရှိတယ်။ (၁) လျှပ် စီးလက်ခြင်း၊ (၂) မိုးခြိမ်းခြင်း၊ (၃) လေပြင်းတိုက်ခတ်ခြင်း၊ (၄) နေရာကွက်၍ မိုးသည်းထန်ခြင်း၊ (၅) မိုးသီးကြွေခြင်း၊ (၆) မိုးကြိုး ပစ်ခြင်း၊ (၇) လေဆင်နှာမောင်း တိုက်ခြင်း၊ (၈) ရေဆင်နှာမောင်း တိုက်ခြင်း၊ (၉) စိုက်ဆင်းလေပြင်း တိုက်ခြင်းနဲ့ (၁၀) ပင်လယ်မီးစုန်း တောက်ခြင်း စတာတွေဖြစ်ပါ တယ်။ မိုးခြိမ်းသံကြားရတဲ့ မိုးတိမ် တောင်ဟာ အနီးဆုံးဖြစ်နေတဲ့ မိုး တိမ်တောင်ဖြစ်ပြီး မိမိနဲ့ ၄ မိုင်အ တွင်းမှာရှိတတ်ပါတယ်။ ကွင်းပြင် ထဲမှာ ထီးတည်းမနေမိဖို့၊ လယ် ကွင်းထဲမှာ မတ်တတ်ရပ်မနေမိဖို့၊ သစ်ပင်အောက် မခိုဝင်မိဖို့ စတဲ့ ဆောင်ရန်ရှောင်ရန်တွေကို လေ့ လာထားသင့်တယ်။ တောင်သူ လယ်သမားတွေ၊ ကောက်စိုက် သမတွေအဖို့ လုပ်ငန်းခွင်အချိန် က မိုးကြိုရာသီကိုက်နေလို့ အထူး သတိထားဖို့ လိုပါတယ်။
အခုက ဧပြီမှာပဲ ဘင်္ဂလားပင်လယ် အော်မှာ ဖြစ်တဲ့မုန်တိုင်းက မြန်မာ ကို ဦးဦးဖျားဖျားဝင်ခဲ့တယ်။ ဒီနှစ် ဘင်္ဂလားပင်လယ်အော်မှာ မုန် တိုင်း ဘယ်နှလုံးဖြစ်နိုင်ပါသလဲ၊ လာမယ့် မိုးရာသီက ဘယ်လိုမိုး ရာသီဖြစ်နိုင်ပါသလဲ။
မုန်တိုင်းကတော့ မေလမှာ တစ်ကြိမ်၊ မိုးတွင်းမှာ တစ်ကြိမ်နဲ့ မိုးလွန်မှာ လေးကြိမ်အထိ ဖြစ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ မိုး အနေနဲ့ကတော့ မုတ်သုံအဝင် နောက်ကျပေမယ့် မိုးကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ဆုံးမေးခွန်းပါ ဆရာ။ ဆရာထုတ်ပြန်တဲ့ မိုးလေဝသသတင်း တွေကို စဉ်ဆက်မပြတ် ဖတ်ရှုနေ သူတွေလည်း စိတ်ဝင်စားတဲ့ အ ကြောင်းအရာပါ။ အခုလို အသက်(၇၀)ကျော်အရွယ်မှာ နေ့စဉ် မိုး လေဝသသတင်းတွေ ထုတ်ပြန်ဖို့ ဆရာ့အနေနဲ့ အချိန်ကို ဘယ်လို အသုံးချလဲဆိုတာနဲ့ မုန်တိုင်းဖြစ် ပြီဆိုရင်ကော အရေးကြီးတဲ့ မုန် တိုင်းသတင်းတွေအတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာလေးပြောပြစေချင်တာပါ။ မုန်တိုင်းဖြစ် နေတဲ့ ရက်တွေဆို ဆရာက သန်းခေါင်အချိန်တွေရော မနက်ဝေလီ ဝေလင်းအချိန်တွေမှာပါ သတင်းထုတ်ပြန်တာ တွေ့နေရလို့ပါ ခင် ဗျာ။
ဆရာ့ရဲ့ လက်ရှိ မိုးလေဝသ သတင်းထုတ်ပြန်မှုကတော့ လုံးဝ အင်တာနက်အခြေပြုပါပဲ။ နည်း ပညာကတော့ Space Techno-logy, IT Technology, NWP (Numerical Weather Predic-tion Technology) တွေကို သုံးပါ တယ်။ ဂြိုဟ်တုတိုင်းတာချက်တွေ ကို NWP တွေကို တွက်ချက်ပြီး IT နည်းပညာနဲ့ ဖြန့်ဝေထားတဲ့ တရားဝင် မိုးလေဝသ Website တွေရှိပါတယ်။ ဒီ Website တွေက အများပြည်သူအတွက် မရည်ရွယ်ပါဘူး။ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ အမျိုးသားမိုးလေဝသဌာနတွေအ နေနဲ့ မိမိတို့လုပ်ငန်းတွေမှာ အသုံး ပြုနိုင်ကြဖို့ လွှင့်တင်ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာ နက်မှာ ရှာယူရပါတယ်။ ရလာတဲ့ အချက်အလက်တွေကို အများ ပြည်သူအတွက် သတင်းဖြစ် အောင် (၁) မိုးလေဝသခန့်မှန်းမှု တစ်ခုအဖြစ် Analyse ခွဲခြမ်းစိတ် ဖြာရတယ်။ (၂) အဲဒါကို သတင်း ဖြစ်အောင် Web Page လုပ်ရပါ တယ်။ ခန့်မှန်းခြေတစ်ကြိမ်ကို အချိန် ၃ နာရီမှ ၅ နာရီလောက် လုပ်ရပါတယ်။ အဲဒါမျိုးကို တစ် နေ့ သုံးကြိမ်ထက်မနည်း လုပ်ရပါ တယ်။ မုန်တိုင်းဖြစ်နေရင် အကြိမ် များစွာ Update လုပ်ရပါတယ်။ Internet Connection ကောင်းဖို့ လိုတဲ့အတွက် လူအသုံးမများတဲ့ လိုင်းချောင်တဲ့ အချိန်တွေမှာလုပ် ရင် အလုပ်တွင်လို့ ညဥ့်နက်ပိုင်း တွေမှာ လုပ်ရလေ့ရှိပါတယ်။ ခန့် မှန်းခြေတစ်နေ့ကို ၁၅ နာရီခန့် လုပ်ရပါတယ်။ အားလုံးကို တစ် ယောက်တည်းလုပ်ပါတယ်။ မုန် တိုင်းဖြစ်နေပြီဆို အိပ်ချိန်ကို မရှိ ပါဘူး။ တစ်နာရီ တစ်ကြိမ်လောက်ကို Update လုပ်ရပါတယ်။ အစ ကတော့ ဒီသတင်းတွေကို www. tunlwin.com နဲ့ တင်ပေးပါတယ်။ နောက်တော့ ဖေ့စ်ဘွတ်ခ်က ပိုပြီး ထိရောက်လာလို့ facebook/tunlwin48 နဲ့ ဖြန့်ဝေပါတယ်။ အခုဆိုရင် ဆရာ့ဖေ့စ်ဘွတ်ခ်ကနေ သတင်းတွေရယူသုံးစွဲနေသူ တစ်သန်း တစ်သိန်းကျော်လောက် ရှိ နေပါပြီ။ အခက်ခဲဆုံးကတော့ အခုအချိန်မှာ အသုံးပြုနေတဲ့ မိတ်ဆွေတွေရဲ့ Comment တွေကိုကုန်စင်အောင်ဖြေဖို့ အချိန်မရတဲ့အလုပ်ပါပဲ။
ဟုတ်ကဲ့ပါ ဆရာ။ အခုလို ရှင်းပြ ပေးတာ ကျေးဇူးတင်ပါ
7Day News Journal
No comments:
Post a Comment