Latest News

Friday, April 28, 2017

မြန်မာများအား ရောင်းမည့် အာမခံချက်မရှိသော တရုတ်စာတန်းပါ ကြက်ဥဖာများကို မော်လူးဘူတာတွင် ဖမ်းမိ

မြန်မာများအား ရောင်းမည့် အာမခံချက်မရှိသော တရုတ်စာတန်းပါ ကြက်ဥဖာများကို မော်လူးဘူတာတွင် ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဘူတာတွင် ရထားဖြင့်တင်ဆောင်လာသော တရုတ်စာတန်းပါ ကြက်ဥဖာများကို မော်လူးဘူတာတွေ ဖမ်းဆီးရမိခဲ့ကြောင်း မော်လူးနယ်မြေ
ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်(ယနေ့ )နံနက် ၈ နာရီအချိန်က မော်လူးဘူတာတွင် တရုတ်ပြည်မှ တင်သွင်းလာသော ကြက်ဥများရောက်ရှိ
နေကြောင်း သတင်းအရ သိရပြီး မော်လူးနယ်မြေ ရဲစခန်းမှခေတ္တ စခန်းမှူးရဲအုပ်မင်းသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ မော်လူးတိုက်နယ်
ဆရာဝန် ဒေါက်တာဝတ်မှုံထွန်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စည်ပင်သာယာ ဈေးတာဝန်မှူး ဦးအောင်ကြူး ဘူတာရုံပိုင်ကြီးနှင့်အဖွဲ့ ဒေသ အရံမီးသတ်တပ်ဖွဲ့များ ဌာနဆိုင်ရာအဖွဲ့အစည်းများ တရုတ်စာတန်းပါ ကြက်ဥဖာ တစ်ဖာလျှင် ကြက်ဥအလုံး(၃၆၀)ပါရှိ
သည့် ကြက်ဥဖာပေါင်း (၉)ဖာရှိမှ ကြက်ဥ စုစုပေါင်း(၃၂၄၀)လုံးရှိကြောင်း မော်လူးနယ်မြေရဲစခန်းမှသိရသည်။

'' ကျွန်တော် သတင်းပေးတဲ့သူ ရှိလို့ သွားရောက်ဖမ်းခဲ့တာပါ။ ကြက်ဥတွေအားလုံး တရုတ်ကတင်သွင်းထားတယ်။ ကြက်ဥတွေကြီးပဲ။ ဖမ်းတော့သက်ဆိုင်ဌာနတွေသွားဖမ်းတာပါ။ ဒီအမှုကို ဆက်လိုက်ဖို့တော့ ရှိသေးတယ် '' ဟု မော်လူးနယ်မြေ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မင်းသိန်းထွန်းက အကုန်သိသတင်းဌာနကို ပြောသည်။
အဆိုပါ တရုတ်စာတန်းပါ ကြက်ဥများသည် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက် နေထိုင်သူ ဒေါ်ဌေး(ရွှေပါရမီ) ကုန်စုံဆိုင်မှ ဧပြီ ၂၇ ရက်က မြစ်ကြီးနားဘူတာမှတင်ပို့ အမှတ်(၅၀)အစုံ မြစ်ကြီးနား - နဘား ခေါက်ပြန် ရထားဖြင့် ပါဆယ်တင်လာပို့ လိုက်ကြောင်း ပိုင်ရှင်မှာ မော်လူးနေ အမှတ် (၅)ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မာမာဝင်း ဖြစ်ကြောင်း မော်လူးနယ်မြေရဲစခန်းမှ သိရသည်။

" ကြက်ဥတစ်ကဒ်ကို အလုံး ၃၀ ပါ ၁၂ ကဒ်ဆိုတော့ (၃၆၀)လုံးပေါ့။ စုစုပေါင်း ၉ ဖာ ကြက်ဥအလုံးရေ စုစုပေါင်း(၃၂၄၀)လုံး တွေ့ ရတယ်။ အဲဒီကြက်ဥကိုစားမိမယ်ဆိုရင် H1N1 ရောဂါဖြစ်ပွားနိုင်ပါတယ်။

ဒီကြက်ဥတွေ အားလုံးက တရုတ်နယ်စပ်က တင်သွင်းလာတယ်လို့ သိရတယ်။ တရုပ်စာတန်းတွေ တွေ့ရလို့ အခုလိုပူးပေါင်းပြီး
ဖမ်းဆီလုပ်ဆောင်ခဲ့တာပါ " ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

(AKonThi)

No comments:

Post a Comment