မြောက်ကိုရီးယားအပေါ် မဟာဗျူဟာမြောက် သည်းခံမှု ကုန်ခဲ့ပြီဟု အမေရိကန် ဒု-သမ္မတြြေြေေ
ပာ
အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ်က မြောက်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးကင်းစင်နယ်စပ်မှာ ဧပြီ ၁၇ ရက်က မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် သည်းခံမှုတွေ ကုန်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားဟာ မိုက်ပန့်စ်ရဲ့ အမေရိကန်မဟာမိတ် အာရှ ၄ နိုင်ငံ ခရီးစဉ်မှာ ပထမဆုံး သွားရောက်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဒီကျွန်းဆွယ်ဒေသကို သမ္မတ ထရမ့် အစိုးရက မေ့မထားဘူးလို့ ပြိုင်ဘက်နိုင်ငံတွေကို သတိပေးရာလည်း ရောက်ပါတယ်။ စစ်ရေးကင်းစင်နယ်မြေဟာ ၂ မိုင်ခွဲအရှည်ရှိပြီး သံဆူးကြိုးတွေနဲ့ ကာရံထားတာပါ။
အဲဒီနယ်မြေအတွင်း မိုင်းတွေထောင်ထားသလို ဟိုဘက်ဒီဘက် စစ်သားတွေဟာ အမြဲတမ်း မျက်နှာချင်းဆိုင် ရပ်နေကြပါတယ်။
အမေရိကန်ဟာ သူ့ရဲ့ သံမဏိမဟာမိတ် တောင်ကိုရီးယားဘက်က ရပ်တည်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးကို အင်အားသုံး တည်ဆောက်သွားမယ်လို့ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။
အခြေအနေက ဘာမဆို ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ပစ်လွှတ်ပြီးတဲ့ ခဏမှာပဲ ပေါက်ကွဲပြီး မအောင်မြင်ခဲ့ပါဘူး။
အဲဒီအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ် တရုတ်နိုင်ငံတို့ဟာ အရေးယူမှုတွေ လုပ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေးက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဗွီဘီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment