Latest News

Friday, April 7, 2017

"ကျွန်​​တော်​တို့​ရှေ့က ​ပြေးချင်​​ပေမယ့်​ ​နောက်​က​နေ ​ဆောင့်​ဆွဲ​နေတဲ့ကိစ္စ​တွေရှိ​နေတယ်​"ဟု ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​မာင်​ ​ပြောကြား

"ကျွန်​​တော်​တို့​ရှေ့က ​ပြေးချင်​​ပေမယ့်​ ​နောက်​က​နေ ​ဆောင့်​ဆွဲ​နေတဲ့ကိစ္စ​တွေရှိ​နေတယ်​"ဟု ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​မာင်​ ​ပြောကြား

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ချိတ်​ဆက်​​ဆောင်​ရွက်​ရမည့်​ လုပ်​ထုံးလုပ်​နည်းများနှင့်​ ပတ်​သက်​၍ ပြည်​​ထောင်​စုအစိုးရအဖွဲ့က ​စေလွှတ်​​သည့်​ ကိုယ်​စားလှယ်​အဖွဲ့နှင့်​ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေးပွဲကို ဧပြီ ၅ရက်​ မွန်းလွဲပိုင်းက မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအ​ဝေးခန်းမတွင်​ ပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က "ကျွန်​​တော်​တို့​ရှေ့က ​ပြေးချင်​​ပေမယ့်​ ​နောက်​က​နေ ​ဆောင့်​ဆွဲ​နေတဲ့ကိစ္စ​တွေရှိ​နေတယ်​"ဟု အမှာစကားပြောကြားရာတွင်​ ထည့်​သွင်း​ပြောကြားသည်​။

ဝန်ကြီးချုပ်က  ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လုပ်​ငန်း​ဆောင်​ရွက်​မှုများသည်​ အပြန်​အလှန်​ချိတ်​ဆက်​မှုနှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​မှုအားနည်း​နေခြင်း​ကြောင့်​ အခက်​အခဲများဖြစ်​​ပေါ်​နေပြီးအုပ်​ချုပ်​​ရေးမှာ ဗဟိုချုပ်​ကိုင်​မှု ​လျှော့ချနိုင်​သည့်​အဆင့်​ပင်​ မ​ရောက်​နိုင်​​သေး​ကြောင်း၊ ဒီမိုက​ရေစီလမ်း​ကြောင်း ​လျှောက်​လှမ်းရာတွင်​ တင်းကျပ်​လွန်းသည့်​ (Restrict) ဥပ​ဒေ၊ လုပ်​ထုံးလုပ်​နည်းများကို ​ဖြေ​လျှော့ခြင်း (Liberalization) ​ဆောင်​ရွက်​ရမည်​ဖြစ်​ပြီး ဗဟိုချုပ်​ကိုင်​မှုကိုလည်း ​လျှော့နည်းသွား​အောင်​ (​Decentralize) ဆောင်​ရွက်​ရမည်​ဖြစ်​​ကြောင်း ထည့်​သွင်း​ပြောကြားခဲ့သည်​။

"ဝန်​ကြီးဆိုတာ Political Post ပါ။ နိုင်​ငံ​ရေးရှု​ထောင့်​ကပဲ စဉ်းစားပါတယ်​။ Liberalization လုပ်​ရမယ့်​ အချိန်​မှာ ဘယ်​ဥပ​ဒေ​တွေကို ​ဖြေ​လျှော့ရမယ်​ဆိုတာ အတွင်းဝန်​​တွေက ရဲရဲတင်းတင်း​ပြောရမယ်​။ ပြင်​တာက လွှတ်​​တော်​က လုပ်​မှာပါ။ Restrict ဖြစ်​​နေတာ​တွေ အများကြီးပါ။ Law ​တွေကိုလုပ်​ဖို့ စဉ်းစားရမယ့်​အချိန်​တန်​​နေပါပြီ။ Decentralize အဆင့်​ကိုလည်း လပ်​ရပါမယ်​။ ဒီအဆင့်​ကို မ​ရောက်​နိုင်​ဘူး ဖြစ်​​နေပါတယ်​။ Liberalization အဆင့်​က​နေကို မတက်​ဘူး ဖြစ်​​နေပါတယ်​။ ဗဟိုဦးစီးစနစ်​​လျှော့ချဖို့ အချိန်​တန်​ပါပြီ။ ရလာတဲ့လုပ်​ပိုင်​ခွင့်​​တွေကိုမ​စွန့်​လွှတ်​ချင်​ကြဘူးလား။ ရလာတဲ့အခွင့်​အ​ရေး​တွေကို ဒီအချိန်​မှာ ယစ်​မူးရမယ့်​အချိန်​ မဟုတ်​ဘူး။ ပြည်​သူ့အကျိုးကို ​ဆောင်​ရွက်​​စေချင်​ပါတယ်​။ ပြည်​သူ့အခွန်​နဲ့ လစာစား​နေတာ ပြည်​သူ့အတွက်​လုပ်​ရမယ့်​အခါ ရဲရဲတင်းတင်း​တော့ လုပ်​ချိန်​တန်​ပါပြီ။ လုပ်​သင့်​သည့်​အကြံပြုချက်​​တွေ​ပေးဖို့ လိုအပ်​​နေပြီထင်​ပါတယ်" ဟု အမြဲတမ်းအတွင်းဝန်​များ၊ ညွှန်​ကြား​ရေးမှူးချုပ်​များ၊ ဌာနဆိုင်​ရာများအား ဝန်​ကြီးချုပ်​က ​ပြောကြားသည်​။

အမြဲတမ်းအတွင်းဝန်​များသည်​ အရည်​အချင်းပြည့်​မီသူများဖြစ်​ပြီး ဝန်​ကြီးဌာနများ၏ အ​ရေးကြီး​သော Key Player များဟု မှတ်​ယူပါ​ကြောင်း၊ ဒီမိုက​ရေစီစနစ်​ကို ​လျှောက်​လှမ်းမည်​ဆိုပါက ပြည်​သူအတွက်​ ​ဖြေ​လျှော့သင့်​သည်​များကို ​ဖြေ​လျှော့၍ အပြန်​အလှန်​ ချိတ်​ဆက်​​ဆောင်​ရွက်​ရမည်​ ဖြစ်​ပါ​ကြောင်း၊ ယင်းကိစ္စများကို အမြဲတမ်းအတွင်းဝန်​များက ပို၍သိရှိမည်​ဖြစ်​ပါ​ကြောင်းကိုလည်း ထည့်​သွင်း​ပြောကြားခဲ့သည်​။

"ပြည်​သူ​တွေကြားကို ဆင်းဖို့လိုပါတယ်​။ အရင်​တုန်းကအတိုင်းပဲ မှိန်းမ​နေပါနဲ့။ ကျွန်​​တော်​တို့​ရှေ့က ​ပြေးချင်​​ပေမယ့်​ ​နောက်​က​နေ ​ဆောင့်​ဆွဲ​နေတဲ့ကိစ္စ​တွေရှိ​နေတယ်​။ စီမံခန့်​ခွဲ​ရေးပြဿနာ​တွေရှိတယ်​။ ဒါ​တွေကို အမှန်​အတိုင်း မတင်​ပြရင်​ မှန်​ကန်​တဲ့ဆုံးဖြတ်​ချက်​ မချနိုင်​ပါဘူး။ ပြည်​သူ့အတွက်​ လုပ်​တဲ့အခါ ရဲရဲတင်းတင်းတင်​ပြမှ အဆင်​​ပြေနိုင်​ပါမယ်​" ဟု ဝန်​ကြီးချုပ်​က တိုက်​တွန်း​ပြောကြားသည်​။

အစည်းအ​ဝေးတွင်​ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ ဝန်​ကြီးများဖြစ်​ကြ​သော ​ဒေါက်​တာရဲလွင်​၊ ​ဒေါက်​တာစိုးသန်း၊ ဦးဇာနည်​​အောင်​၊ ဦးမျိုးသစ်​၊ ဦးစိုင်း​ကျော်​​ဇောနှင့်​ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ အတွင်း​ရေးမှူး ဦးမြင့်​တင်​၊ အလုပ်​သမား လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ ပြည်​သူ့အင်​အားဝန်​ကြီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​ဌေးလှိုင်​၊ လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနှင့်​ ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန်​ ဦး​နေဝင်း၊ နယ်​စပ်​​ရေးရာဝန်​ကြီးဌာန ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အော်​​ကျော်​၊ ကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာန ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာသန်းထွဋ်​ဦး၊ ပညာ​ရေးဝန်​ကြီးဌာန ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာစိုင်း​ကျော်​နိုင်​ဦး၊ မန္တ​လေးတိုင်း​ဒေသကြီးရှိ ဌာနဆိုင်​ရာများမှ တာဝန်​ရှိသူများက ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ချိတ်​ဆက်​​ဆောင်​ရွက်​ရမည့်​ လုပ်​ထုံးလုပ်​နည်းများနှင့်​ ပတ်​သက်​၍ အ​သေးစိတ်​ ​ဆွေး​နွေးကြ​ကြောင်း သိရသည်​။

The Mandalay News Journal

No comments:

Post a Comment