Latest News

Sunday, April 30, 2017

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)နေ့ လှိုင်သာယာစက်မှုဇုန်မှာ သုံးနေရာခွဲ၍ ကျင်းပမည်

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)နေ့ လှိုင်သာယာစက်မှုဇုန်မှာ သုံးနေရာခွဲ၍ ကျင်းပမည်

ရန်ကုန် ဧပြီ ၃ဝ

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက် မှ ဦးဆောင်ကျင်းပကြသော ၂ဝ၁၇ ခုနှစ် မေ ၁ ရက်တွင် ကျရောက်မည့် (၁၂၇)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမား နေ့(မေဒေး)အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တွင် စက်မှုဇုန်(၁)၊ ဇုန်စီမံခန့်ခွဲရေး ရုံးနှင့် မြို့နယ်အားကစားကွင်းများ၌ နေရာသုံးနေရာခွဲ၍ တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးအောင်စိုး မင်းက ''လှိုင်သာယာက အကြီးမားဆုံး စက်မှုဇုန်ပါ၊ အခြေခံအလုပ်သမားများတယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားလှယ် တွေ၊ စက်မှုဘက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အလုပ်ရှင် အလုပ်သမားတွေဖိတ်ကြားထားပါတယ်၊ အဲဒီနေ့မနက် ၉ နာရီစပါမယ်၊ အဲဒီနေ့ (မေဒေး)နေ့ သမိုင်းအကျဉ်း ရှင်းလင်းပြောကြားမယ်။ ကုန်ဈေးနှုန်းလုပ်ခ အခက်အခဲ တွေ ဥရောပနိုင်ငံ၊ အာရှနိုင်ငံကို စံထားပြီး လေ့လာမှတ် သား ထားသမျှ နှိုင်းယှဉ်ပြီး (မေဒေး)နေ့ကို ဂုဏ်ပြု ပြောကြားသွားမှာဖြစ်တယ်'' ဟု ပြောသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment