Wednesday, April 19, 2017
ကျောင်းကုန်းမြို့နယ် လက်ပန်ချောင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား
ပုသိမ် ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်အုပ်စု/ကျေးရွာအနီး ဧပြီ ၁၉ရက်နေ့ နံနက်စောစော(၀၅း၄၀)နာရီအချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
အမှုမှာ ပုသိမ်-မုံရွာကားလမ်း ၊ မိုင်တိုင်အမှတ် ၂၉/၂ နှင့်၂၉/၃ကြား ၊လက်ပန်ချောင်ကျေးရွာအနီးတွင် ဒါးကဘက်မှ ကံကလေးဘက်သို့ ယာဉ်မောင်း ဇေယျာဖြိုး ၂၃ နှစ်၊ ဇီးချောင်ရွာ၊ကျောင်းကုန်းမြို့နယ် နေသူ တစ်ဦးတည်းမောင်းနှင်လာသော လယ်ယာသုံး ထော်လာဂျီယာဉ်မှာ လမ်းဘေးသို့ချရပ်ထားပြီး အပေါ့သွားနေစဉ် ပုသိမ်ဘက်မှ ကျုံပျော်ဘက်သို့ ယာဉ်မောင်း လွင်မိုးထွန်း ၂၂ နှစ်၊ ကန်ကြီးထောင့်မြို့နယ်နေသူမောင်းနှင်ပြီး၊ အောင်နိုင် ၄၀ နှစ်၊ဦးကောင်းညွန့် ၃၅ နှစ်၊ကာလတ် ၂၁ နှစ် ကျုံပျော်မြို့နယ်နေသူတို့ လိုက်ပါစီးနင်းလာသည့် MDY 4L/------ အဖြူရောင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိသဖြင့် လေးဦးစလုံး စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိသွားခဲ့သည်။
ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ အဖြူရောင် ယာဉ်မောင်း လွင်မိုးထွန်းအား လှည်းဆိပ်ရဲကင်းစခန်းမှူး ရဲအုပ်ညွန့်အောင်မှ တရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၇/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောင်းကုန်းမြို့နယ် လက်ပန်ချောင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား
Reviewed by timeayeyar
on
9:15 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment