Latest News

Saturday, April 1, 2017

မဲရုံတွင် သတင်းရယူမှု ကန့်သတ်ခံရသော်လည်း ပြန်လည်ခွင့်ပြု

မဲရုံတွင် သတင်းရယူမှု ကန့်သတ်ခံရသော်လည်း ပြန်လည်ခွင့်ပြု


ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ
အထက်တန်းကျောင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကို သတင်း
ရယူနေသည့် မြန်မာတိုင်းမ်သတင်းဌာနအပါအဝင် အခြား
သတင်းဌာနများကို မဲရုံအပြင်ဘက်မှ သတင်းဓာတ်ပုံရိုက်ခွင့်ကို
ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက တားမြစ်ခဲ့သည်။

သတင်းသမားများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်အချို့အကြား
စကားအချေအတင် အငြင်းအခုံဖြစ်ပွားခဲ့သည်။

ယင်းနောက် သတင်းသမားများက နေပြည်တော်၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူအချို့ကို တယ်လီဖုန်းဖြင့်
ဆက်သွယ်ခဲ့ပြီး ဆန္ဒမဲပေးသူ၏ လျှို့ဝှက်ဆန္ဒမဲပေးမှုအခြေအနေ
ကို မထိခိုက်စေပဲ မဲရုံအပြင်ဘက်မှ သတင်းဓာတ်ပုံရိုက်ယူခွင့်နှင့်
ပတ်သက်၍ မေးမြန်းခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက လျှို့ဝှက်
မဲပေးမှု အခြေအနေကို မထိခိုက်ပါက သတင်းဓာတ်ပုံ ရယူခွင့်
ရှိသည်ဟု ဆိုသဖြင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ
က ပြန်လည်ခွင့်ပြုခဲ့သည်။

မဲရုံတံခါး အပြင်ဘက်မှနေ၍ အတွင်းဘက်သို့ မဲပေးနေမှုအား ဓာတ်ပုံသတင်းထောက်တစ်ဦးက ဓာတ်ပုံရိုက်ကူးသည်ကို
တားမြစ်ရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မြန်မာတိုင်မ်း

No comments:

Post a Comment