Latest News

Wednesday, April 26, 2017

ငဖဲ/စေတုတ္တရာမြို့နယ် မှာ ဘိန်းစိမ်း ကျပ် ၁၁ သိန်းကျော်ဖိုး ဖမ်းမိ

ငဖဲ/စေတုတ္တရာမြို့နယ် မှာ ဘိန်းစိမ်း ကျပ် ၁၁ သိန်းကျော်ဖိုး ဖမ်းမိ

မကွေးတိုင်းဒေသကြီး ဒုစရိုက်နှိမ်နင်းရေးအဖွဲ့  ၊ ပဒါန်း ရဲကင်းစခန်း ၊ မကွေး  အမှတ် (၁၅) မူးယစ်တပ်ဖွဲ့စု တို့ ပူးပေါင်းပါဝင်တဲ့အဖွဲ့ တဖွဲ့ဟာ  ဧပြီလ ၂၃ ရက် ညပိုင်းက  ဆိုင်ကယ်နှစ်စီးနဲ့ မူးယစ်ဆေးဝါး လာရောက်ရောင်းချမယ်ဆိုတဲ့သတင်းရရှိ ထားတဲ့အတွက်     စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ   ဘိန်းစိမ်းထုပ် အမြောက်အများကို ဖမ်းဆီးရမိခဲ့ပါတယ်။  

အဲဒီ ပူးပေါင်းအဖွဲ့က  ငဖဲမြို့နယ် ပဒါန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းမ မိုင်တိုင်အမှတ် ၂၆၄/၃ အနီး စောင့်ဆိုင်းနေစဉ် မွန်ဇောကျေးရွာဘက်မှ လာတဲ့ ဆိုင်ကယ် ၂ စီးကို ရပ်တန့် ရှာဖွေခဲ့ရာ မွန်ဇောကျေးရွာနေ အုပ်သိန်း(၃၇နှစ်)  ဆိုသူရဲ့  ခရီးဆောင်ဘေးလွယ်အိတ်ထဲမှ   ကာလတန်ဖိုး ၉-သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းစိမ်း  အလေးချိန် ( ၁၁၄၆) ဂရမ် ကို သက်သေများရှေ့ ရှာဖွေ သိမ်းဆည်း ရမိခဲ့ ပါတယ်။

အုပ်သိန်း နဲ့ အတူလာသူ  ငဖဲမြို့နယ် ငါးရံ့ချောင်းကျေးရွာနေ မောင်သောင်း ( ၂၇နှစ်)  တို့ ကို ရဲအုပ်မျိုးနိုင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ငဖဲမြို့မရဲစခန်း မယ(ပ) ၄/၂၀၁၇ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က)၊ ၂၀(က)/၂၁ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။

ဒီနောက် ကွင်းဆက် စစ်ဆေးချက်အရ အဲဒီ ည ၁၀ နာရီ လောက်မှာ    မွန်ဇောရွာရှိ အုပ်သိန်းရဲ့ နေအိမ်ကို သွားရောက် ရှာဖွေရာ   အိပ်ခန်းထဲမှာ   ထုပ်ပိုးထားတဲ့ ဘိန်းစိမ်း အစေး (၂၂၅) ဂရမ်ခန့် ကာလတန်ဖိုး ၂-သိန်းကျော်ခန့် နဲ့ ဘိန်းရှူ ဘိန်းချက်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို  သက်သေများရှေ့ ရှာတွေ့ရှိတဲ့အတွက်   အုပ်သိန်း ကို စေတုတ္တရာမြို့မ ရဲစခန်းမှာ  ပုဒ်မ ၁၅/၁၉(က)နဲ့ အရေးယူ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ RFA

No comments:

Post a Comment