အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခြင်းမှရှောင်လွှဲနိုင်ရေး တရုတ်နိုင်ငံ ဖြေလျှော့မှုပြုလုပ်မည်
ဝါရှင်တန် ဧပြီ ၁ဝ
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲဖြစ် ပွားရခြင်းမှ ရှောင်လွှဲ နိုင်စေရေးအတွက် ဘဏ္ဍာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု များအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုခွင့်ပြုပေးရန် လည်းကောင်း၊ အမေရိကန်၏ အမဲသားပို့ကုန်များအတွက် ဈေးကွက်ဖွင့် လှစ်ပေးရန် လည်းကောင်း ကမ်းလှမ်းမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နှင့် အမေရိကန်တို့၏ ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်ပြုလုပ်ရေးဆိုင်ရာ သဘောတူ စာချုပ်(ဘီအိုင်တီ)တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခွင့်ရှိသော ငွေကြေး ပမာဏကို တရုတ်နိုင်ငံ ဘက်မှ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုများနှင့် နီးစပ်သူ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် ဘဏ္ဍာရေးနေ့စဉ် သတင်းစာက ရေးသားဖော်ပြသည်။
ဘီအိုင်တီစာချုပ်အရ ရင်းနှီးမြှုပ်နှံနိုင်ခွင့်ရှိသော ငွေကြေးပမာဏကို တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံဆွေးနွေးမှုများမှာ ဒေါ်နယ်လ်ထရန့် ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ပြီး နောက် ရပ်ဆိုင်းထားခဲ့ရကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သမ္မတဒေါ်နယ်လ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ကုန်သွယ်ရေး ဆိုင်ရာ ပြဿနာရပ်များနှင့်ပတ်သက်၍ ရက် ၁ဝဝ ကုန်သွယ်ရေးဆွေးနွေးပွဲ အစီအစဉ်ကို သဘော တူညီခဲ့ကြကြောင်း အမေရိကန် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဝီလ်ဘာရို့စ်က ပြောကြား သည်။
တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာတွင် အမေရိကန်ဘက်မှ ကုန်သွယ်ရေး လိုငွေပြမှုဖြစ်ပေါ် နေခြင်းအတွက် ကုန်သွယ်ရေးအရ ညီမျှမှု ပြန်လည်ဖြစ်ပေါ် လာစေရန် သမ္မတထရန့်က လိုလားသည်။
၂ဝဝ၃ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုထံမှ အမဲသားတင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီး ယင်းပိတ်ပင်ချက်ကို ပြန်လည်ဖျက်သိမ်းပေးရန် တရုတ်နိုင်ငံက လိုလားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
Subscribe to:
Post Comments (Atom)
No comments:
Post a Comment