Latest News

Friday, April 28, 2017

ဧရာဝတီတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ ရဲစခန်းများတွင်အပ်ရန် တိုင်းသံဃာ့မဟာနာယကအဖွဲ့မှညွှန်ကြား



မင်း ထက်မုန်း (ပုသိမ်)
ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှလိုင်စင်မဲ့ မော်တော်ယာဉ်များ ရဲစခန်းသို့ အပ်နှံရန်နှင့် အပ်နှံခြင်းမရှိပါက ၀င်ရောက်ရှာဖွေ သိမ်းဆည်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါညွှန်ကြားချက်ကို ဧရာဝတီတိုင်းသာသနာရေးမှူး ၏လျှောက်ထားချက်အရ မြို့နယ် သံဃနာယက အဖွဲ့များ(ဂိုဏ်းပေါင်းစုံ)ထံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထောက် အကူပြု ကော်မတီ(၁/၂၀၁၇)လုပ်ငန်းညှိနှိုင်း ဆုံးဖြတ်ချက်များကို တိုင်းသာသနာရေးမှူးရုံးမှ မြို့နယ်သံဃနာယက အဖွဲ့များထံ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ayeyarwaddy Times
https://m.facebook.com/story.php?story_fbid=784547785036558&substory_index=0&id=508784185946254

No comments:

Post a Comment