Latest News

Monday, April 10, 2017

ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သော လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်

ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သော လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် ဧပြီ ၁ဝ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ပြီးခဲ့သော ၂ဝ၁၅-၂ဝ၁၆ စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများ ဆုံး ထမ်းဆောင်ခဲ့သောလုပ်ငန်းရှင်များအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပ ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ၂ဝ၁၅-၂ဝ၁၆ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်အများဆုံး ပေးဆောင်ခဲ့သောစာရင်း ထုတ်ပြန်ကြေညာ ရာတွင် မြန်မာ လုပ်ငန်းရှင် အခွန်ထမ်း ၁ဝဝဝ စာရင်းနှင့် နိုင်ငံခြားကုမ္ပဏီများ စာရင်းကို ခွဲခြား ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ယခင်နှစ်များအတိုင်းပင် လုပ်ငန်းရှင်ကြီးများပေးဆောင်ခဲ့ သော အခွန်ပမာဏအလိုက် ခွဲခြားထုတ်ပြန်၍ အသိပေးကြေညာခဲ့ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာတွင် အခွန်ဘဏ္ဍာတောင့် တင်းရေး သည် အဓိကကျပါကြောင်း၊ မည်သည့်အစိုးရမှ အခွန် ဘဏ္ဍာမရှိဘဲ နိုင်ငံ မတည်ဆောက်နိုင်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခွန်တာဝန်ကျေပွန် ခဲ့ကြသော လုပ်ငန်းရှင်များကို ဂုဏ်ပြုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးမှု အနည်းဆုံးအဆင့်မှ လွတ်မြောက်နိုင်ရေး တစ်နိုင်ငံလုံးရှိလုပ်ငန်းရှင်များနှင့် အဓိကအားဖြင့် အခွန်ထမ်း ကြီးများ၏ အင်အားမှာ အဓိကလိုအပ်ပါကြောင်း၊ မိမိပေးဆောင် သင့်ပေးဆောင်ထိုက် သောအခွန်ငွေများကို မပျက်မကွက် ပေးဆောင်ကြစေ လိုပါကြောင်းနှင့် လုပ်ငန်းရှင် များ ယခုထက် ပိုမိုတိုးတက်အောင်မြင် ပါစေကြောင်း အဆိုပါ အခမ်းအနားအဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ယနေ့ကျင်းပခဲ့သော ၂ဝ၁၅-၂ဝ၁၆ စည်းကြပ်နှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ တက်ရောက် ကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို တစ်ဦးချင်း ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်

No comments:

Post a Comment