Latest News

Monday, April 17, 2017

တောင်ကိုရီးယားသမ္မတဟောင်းကို လာဘ်စားမှုတွေနဲ့ စွဲချက်တင်

တောင်ကိုရီးယားသမ္မတဟောင်းကို လာဘ်စားမှုတွေနဲ့ စွဲချက်တင်

ရာထူးကနေဖယ်ရှားခံလိုက်ရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂျုံဟေးကို ဒေါ်လာသန်းပေါင်းများစွာ အရှုပ်တော်ပုံနဲ့လာဘ်စားမှုတွေကျူးလွန်တယ်လို့ အစိုးရရှေ့နေတွေက တရားရုံးမှာ ဒီနေ့စွဲချက်တင်လိုက်ပါတယ်။

ဒါ့အပြင်သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့လဲ တရားစွဲထားတယ်လို့ ရှေ့နေတွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပတ်ဂျုံဟေးဟာ သူ့မိတ်ဆွေစီးပွားရေးသမား ချွိုင်ဆွန်းဆေလ်နဲ့အတူ လူမှုရေးအဖွဲ့နှစ်ဖွဲ့ကို အမေရိကန်ဒေါ်လာ ၆၈ သန်းလှူမယ့်အစီအစဉ်ကိုလဲပူးတွဲဆောင်ရွက်ခဲ့တယ်လို့ စွဲချက်တင်ခံနေရပါတယ်။ အဲဒီအလှူငွေဟာ စီးပွားရေးသမား ချွိုင်ဆွန်းဆေလ်ရဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက်လို့ဆိုပါတယ်။

လောလောဆယ်မှာ သမ္မတဟောင်း ပတ်ဂျုံဟေးကို ဆိုးလ်မြို့ပြင်က အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။RFA

No comments:

Post a Comment