Latest News

Saturday, April 29, 2017

အမေရိကန်က မြောက်ကိုရီးယားကို သည်းခံသင့်၊ အာရှက စစ်ပွဲရဲ့ဓားစားခံဖြစ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော

အမေရိကန်က မြောက်ကိုရီးယားကို သည်းခံသင့်၊ အာရှက စစ်ပွဲရဲ့ဓားစားခံဖြစ်မည်ဟု ဖိလစ်ပိုင်သမ္မတပြော

အမေရိကန်ဟာ သည်းခံသင့်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ လက်ထဲမှာ ကစားမခံသင့်ဘူးလို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူဒါတေက ဧပြီ ၂၉ ရက်နေ့က ပြောလိုက်ပါတယ်။

ကင်ဟာ ကမ္ဘာကြီးကို အဆုံးသတ်ချင်နေတယ်လို့ သူက ပြောပါတယ်။ မြို့တော် မနီလာမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီးညီလာခံမှာ ခုလို ပြောလိုက်တာပါ။

သူဟာ ဒီနှစ်မှာ အာဆီယံ ရဲ့ အလှည့်ကျ သဘာပတိလည်း ဖြစ်ပြီး မြောက်ကိုရီးယား အရေး တင်းမာမှုတွေက အစည်းအဝေးရဲ့ လုပ်ငန်းစဉ်ထဲမှာ ပါနေမယ်လို့ မျှော်လင့်ထားပါတယ်။

ညနေနှောင်းပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ စကားပြောမယ်လို့လည်း ဒူဒါတေက ပြောပါတယ်။

စစ်ပွဲဆိုတာ အင်မတန်ဆိုးတဲ့ ကပ်ဘေးဖြစ်လို့ မြောက်ကိုရီးယားရဲ့ မခံချင်အောင် ဆွမှုကို လက်မခံဖို့ တိုက်တွန်းမယ်၊ အာရှဒေသဟာ စစ်ပွဲရဲ့ ပထမဆုံး ဓားစာခံ ဖြစ်လိမ့်မယ်လို့လည်း ဒူဒါတေက ပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုတွေဟာ ၂ နိုင်ငံက အရုပ်နဲ့ ကစားနေသလိုပဲလို့လည်း ဒူဒါတေက ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment