Latest News

Friday, April 7, 2017

မာလာလာ ကို ကုလငြိမ်းချမ်းရေး တာဝန်ပေး

မာလာလာ ကို ကုလငြိမ်းချမ်းရေး တာဝန်ပေး

ကမ္ဘာ့ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါကစ္စတန်နိုင်ငံသူ မာလာလာယူဆပ်ဇီယာ ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်လာပြီလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က သောကြာနေ့က ကြေညာပါတယ်။

အသက် ၁၉ နှစ်ရှိ မာလာလာကို ကမ္ဘာတ၀ှမ်းအမျိုးသမီးပညာရေးလုပ်ငန်းတွေ တိုးတက်စေရေးကူညီဖို့ တနင်္လာနေ့က တာဝန်အပ်နှင်းလိုက်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူးအန်တိုနီယို ဂူတီးကပြောပါတယ်။

မာလာလာဟာ ပါကိစ္စတန်နိုင်ငံမှာ မိန်ကလေးများပညာမသင်ကြားရဆိုတဲ့ တာလီဘန်တွေရဲ့တားမြစ်ချက်ကို ဆန့်ကျင်နေသူဖြစ်ပြီး ၂၀၁၂ ခုနှစ်က တာလီဘန်တွေက ဦးခေါင်းကိုသေနတ်နဲ့ ပစ်သွားခဲ့ပေမယ့် သေကံမရောက်သက်မပျောက်ခဲ့သူဖြစ်ပါတယ်။  ၂၀၁၄ခုနှစ်မှာမာလာလာဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Photo: wikipedia/RFA

No comments:

Post a Comment