တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ရိတ်သိမ်းနေသည့် နွေစပါးဧက ၉၀၀ ကျော်ခန့် မိုးမိ
မော်လမြိုင်ကျွန်း၊ ဧပြီ (၁၈)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ခြင်းကြောင့် ရိတ်သိမ်းနေသည့် နွေစပါးဧက ၉၀၀ ကျော်ခန့် မိုးမိခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။
”စပါးတွေ ရိတ်နေတုန်း ရုတ်တရက် မိုးရွာချလိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိဘူး။ ဒါနဲ့ ရိတ်ပြီးသား ကောက်လှိုင်းတွေကိုတော့ စုပေါင်း ပုံထားရတယ်။ နေပွင့်တာနဲ့ ရတဲ့စပါးကို အားချင်းခြွေမှ နို့မို့ အပူဓါတ်နဲ့ မိုးဆက် ရွာရင် အပင်တွေပေါက်ကုန်မှာ။”ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူ ဦးတင်ရွှေက ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၁၇ ခုနှစ်၏ နွေစပါးစိုက်ဧက စုစုပေါင်းတစ်သိန်းခွဲခန့်ရှိပြီး လက်ရှိ နွေစပါး ရိတ်သိမ်းရန် ဧက(၆၀၀၀)ကျန်ရှိနေသေးကြောင်း သိရသည်။
”မိုးသာ နောက် သုံးလေးရက် ဆက်ရွာရင် စပါး ငါးရာသီးလောက် ဆုံးရှုံးဖို့ရှိတယ်။ အတော့်ကို ဒုက္ခရောက်တဲ့ နှစ်ပါ။ စိုက်ချိန်တုန်းကလည်း ဒုက္ခရောက် အခု စပါးအသီး ရချိန်ကြတော့လည်း ဒုက္ခက ထပ်ရောက်တယ်။ စပါးမမှဲ့သေးသူတွေ အဖို့ကတော့ မိုးရွာတာ ကောင်းပေမယ့် ရိတ်ရမယ့် လယ်တွေကတော့ မိုးမိတာနဲ့ ဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဒီလိုဒုက္ခတွေ ခံစားရတာမလွယ်တော့ အခြားစီးပွားရေးသာ အခိုင်အမာရှိရင် လယ်တောင်မလုပ်ချင်တော့ဘူး။”ဟု တောင်သူ ဦးအုန်းဝင်းက ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်ရှိ တောငိသူ အများစုသည် နွေစပါးကို ဇီးဒိုးနှင့် သီးထပ်ရင် နှစ်လခွဲ စပါး မျိုးများကိုသာ စိုက်ပျိုးကြပြီး ၂၀၁၇ ခုနှစ်အတွင်း အချိန်ခါမဟုတ် မိုးသုံးအကြိမ်ထိ ရွာသွန်းခဲ့ကြောင်း သိရသည်။
ကျော်ထက်လင်း (မြစ်မခ)
Thursday, April 20, 2017
တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ရိတ်သိမ်းနေသည့် နွေစပါးဧက ၉၀၀ ကျော်ခန့် မိုးမိ
တိုင်းဧရာ မော်လမြိုင်ကျွန်းမြို့နယ်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ရိတ်သိမ်းနေသည့် နွေစပါးဧက ၉၀၀ ကျော်ခန့် မိုးမိ
Reviewed by Ar Ti
on
5:45 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment