Latest News

Saturday, April 29, 2017

အမေရိကန်လေယာဉ်ပေါ်က ဆွဲချခံခဲ့ရသည့် ဗီယမ်နမ်နိုင်ငံသား လျော်ကြေးရပြီ

အမေရိကန်လေယာဉ်ပေါ်က ဆွဲချခံခဲ့ရသည့် ဗီယမ်နမ်နိုင်ငံသား လျော်ကြေးရပြီ

လေယာဉ်ပေါ်က ဆွဲချခဲ့တဲ့ ခရီးသည် ဒေးဗစ် ဒါအိုရဲ့ ရှေ့နေက အမေရိကန်လေကြောင်းလိုင်း ဆီကနေ လျော်ကြေးရခဲ့ပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လဆန်းပိုင်းက ဒေးဗစ်ဒေါင်ကို အမေရိကန်လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေဆွဲချခဲ့တဲ့ ဗွီဒီယိုဖိုင် အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် နိုင်ငံတကာက ဒေါသတကြီးတုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။

ဒေးဗစ် ဒါအို က အဲဒီအတွက် အမေရိကန်လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့တာဖြစ်ပြီး လျော်ကြေး ဘယ်လောက်ရတယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဗီယက်နမ် လူမျိုးဆရာဝန် ဒေါက်တာ ဒေးဗစ်ဒါအို ဟာ O’Hare နိုင်ငံတကာလေဆိပ်မှာ Louisville ကို သွားမယ့် လေယာဉ်ပေါ်ကနေ လေကြောင်းရဲအရာရှိတွေ ဆွဲချတာခံခဲ့ရပြီးနောက် ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။

လျော်ကြေးငွေရရှိပြီးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဒေါက်တာ ဒေးဗစ်ဒါအို ရဲ့ရှေ့နေက “လေယာဉ်နံပါတ် ၃၄၁၁ ပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အမေရိကန်လေကြောင်းလိုင်းက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ဘဲ အပြည့်အဝ တာဝန်ယူခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

အမေရိကန်လေကြောင်းလိုင်းကလည်း “လေယာဉ်နံပါတ် ၃၄၁၁ ပေါ်မှာဖြစ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ဒေါက်တာ ဒေးဗစ်ဒါအို ကြားက မကျေလည်မှုကို ပြေပြေလည်လည် ဖြေရှင်းနိုင်ခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်။

“ကြေညာခဲ့တဲ့အတိုင်း ကျနော်တို့ ခရီးသည်တွေအပေါ် အလေးထားဂရုစိုက်မှုတွေ အရင်ကထက် ပိုပြီးဆောင်ရွက်သွားမယ်” လို့ အမေရိကန်လေကြောင်းလိုင်းက ပြောခဲ့တယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment