တရုတ်ဆေးခန်းကိုတွေ အရေးယူ စစ်ဆေးဖို့ လုံလောက်မှု မရှိဖြစ်နေဟု ဝန်ကြီး ဦးနိုင်ငံလင်းပြော
ရန်ကုန် မတ် ၆ - ရန်ကုန်တိုင်းဒေသကြီး အတွင်မှာ ဖွင့်လှစ်နေတဲ့ နိုင်ငံခြားသားပိုင် တရုတ်ဆေးခန်းတွေကို တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေးကော်မတီက အရေးယူဆောင်ရွက်ဖို့ လုံလောက်မှု
မရှိဖြစ်နေတယ်လို့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်က ပြောပါတယ်။
သည်တရုတ်ဆေးခန်းတွေက နာမည်တွေ အမျိုးမျိုး ပြောင်းလဲ ဖွင့်လှစ်နေလို့ အရေးယူဖို့ စစ်ဆေးတဲ့ အခါမှာ အခက်ခဲတွေ ရှိနေတာဖြစ်ပါတယ်။
နိုင်ငံခြားသားပိုင်ဆေးရုံ ဆေးခန်းတွေကို တရားဝင်ဖွင့်လှစ်ခွင့်မပြုထားဘူးလို့သိရပါတယ်။ နိုင်ငံခြား ပိုင်ဆေးရုံ ဆေးခန်းတွေ ကိုတရားမဝင်ဖွင့်လှစ်ရင် ထောင်ဒဏ် တစ်နှစ်ကနေငါးနှစ်ထိနဲ့ ငွေဒဏ်တွေပါ ချမှတ်လို့ရပါတယ်။
တရားမဝင် လိုင်စင်မရှိဘဲ ဆေးကုသနေတဲ့ ဆေးခန်း အထူးကုတွေနဲ့ တရုတ်ဆေးခန်းတွေကို အရေးယူဆောင်ရွက်ပေးဖို့ သည်နေ့ကျင်းပတဲ့ ရန်ကန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆိပ်ကြီး ခနောင်တို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ပို့ပို့(kumudra)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment