Latest News

Monday, April 24, 2017

"ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အမေရိကန်နိုင်ငံသားရဲ့အမည်ကို မြောက်ကိုရီးယားတက္ကသိုလ်မှ ထုတ်ပြန်"

"ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အမေရိကန်နိုင်ငံသားရဲ့အမည်ကို မြောက်ကိုရီးယားတက္ကသိုလ်မှ ထုတ်ပြန်"

လွန်ခဲ့တဲ့စနေနေ့က မြောက်ကိုရီးယားအစိုးရ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အမေရိကန်နိုင်ငံသားတစ်ဦးရဲ့အမည်မှာ Tony Kim (ခေါ်) Kim Sang-Duk ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားရှိ ပြုံးယမ်းသိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၆၀ နီးပါးရှိ Tony Kim ဟာ ကိုရီးယား-အမေရိကန်ကပြားတစ်ဦးဖြစ်ပြီး ဖမ်းဆီးမခံရခင်မှာ ပြုံးယမ်းသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ သီတင်းပတ်တော်တော်ကြာ စာသင်ကြားခဲ့တဲ့ကထိကဆရာ တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မြောက်ကိုရီးယားအစိုးရက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေတဲ့ဖြစ်ရပ်မှာ တက္ကသိုလ်နဲ့ပတ်သက်ခြင်းမရှိဘူးလို့ တာဝန်ရှိသူတွေက BBC သတင်းဌာနကိုပြောကြားခဲ့ပြီး မြောက်ကိုရီးယားအစိုးရတော့ မစ္စတာကင်ကို ဖမ်းဆီးရတဲ့အကြောင်းရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။

တောင်ကိုရီးယားသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Yonhap ကတော့ မစ္စတာကင်ဟာ မြောက်ကိုရီးယားပြည်သူတွေအတွက် ထောက်ပံ့ကူညီရေး ပရဟိတ အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပြီး နိုင်ငံတကာပိတ်ဆို့မှုဖြေလျှော့ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

စံတော်ချိန်

No comments:

Post a Comment