မန်စီမြို့မှာ မိုင်းပေါက်ကွဲလို့ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မန်စီမြို့တွင် မိုင်းပေါက်ကွဲ၍ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ပြီး ၁၀တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူနှစ်ဦးမှာ မိခင်နှင့်အတူ မန်စီမြို့တွင်းရှိ တောင်ယာတစ်ခုသို့ ဧပြီ ၁၉ရက် နံနက်အစောပိုင်းက သွားရောက်စဉ် မိုင်းပေါက်ကွဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးကပြောသည်။
သေဆုံးသူ အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ၃တန်းကျောင်းသူဖြစ်ပြီး ကိုယ်ခန္တာအနှံ့ ဒဏ်ရာရခဲ့ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူနှစ်ဦးကို မန်စီဆေးရုံသို့ ပို့ဆောင်ကုသနေပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း ရဲမှူးကြီး ထွန်းဦးကပြောသည်။
တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ်အတွင်း မြို့နယ်အများစုတွင် ဒေသခံများအတွက် မိုင်းအန္တရာယ် မကြာခဏ ခြိမ်းခြောက်ခံနေရသည်။
သတင်းထောက်-အောင်သစ်လွင်(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment