ဥရောပတွင် အင်္ဂလန်ကလပ်အသင်းများ မအောင်မြင်ရခြင်းအကြောင်း တရားမှာ ပရီမီယာလိဂ်ကြောင့်သာလျှင်ဖြစ်
ယခုနှစ် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာချိန်မှာ စပိန်ကလပ် နှစ်သင်း၊ အီတလီကလပ်တစ်သင်း၊ ပြင်သစ်ကလပ်တစ်သင်းတို့သာ ကျန်ရှိ တော့ပြီး အင်္ဂလန်ကလပ်အသင်းတွေနဲ့ ဂျာမန်ကလပ်အသင်းတွေတစ်သင်းမှ အကြိုဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီနှစ်ဘောလုံး ရာသီမှာ ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းမှ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပေမယ့် ဒေါ့မွန်အသင်း ကားအနီး ဗုံးပေါက်ကွဲမှု၊ ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ဘိုင်ယန်နစ်နာခဲ့တာတွေကြောင့် ဘွန်ဒက်စ်လီဂါအသင်းများရဲ့ကျဆုံးမှုဟာ ပြောပလောက်အောင် အပြစ် မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပပြီးစီးခဲ့တဲ့ လက်စတာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ ကွာတားဖိုင်နယ်(ဒုတိယအကျော့ပွဲစဉ်)မှာ လက်စတာက နှစ်ကျော့ပေါင်း နှစ်ဂိုး-တစ်ဂိုးနဲ့အရေးနိမ့်ခဲ့တာကြောင့် တစ်ခု တည်းသော လက်ကျန် ပရီမီယာလိဂ်အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်လည်း အဆုံးသတ်သွားခဲ့ပြန်ပါတယ်။
ယခုနှစ်ချန်ပီယံလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အင်္ဂလန်ကလပ်အသင်း လေးသင်းထဲမှာ စပါးက အုပ်စုအဆင့်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့က ၁၆ သင်းအဆင့်ကနေ လှည့်ပြန်သွားခဲ့ရပြီဖြစ်တာကြောင့် အင်္ဂလန်မီဒီယာတွေက လက်စတာအပေါ် မျှော်လင့်ချက် တစ်ပုံတစ်ပင်ထားခဲ့ကြတာပါ။ ဒါပေမယ့် လက်စတာလည်း ကွာတားအဆင့်ကပဲ လှည့်ပြန်သွားခဲ့ပြီးနောက်မှာ ဘာလို့ အင်္ဂလန်ကလပ်အသင်းတွေ ချန်ပီယံလိဂ်မှာ မအောင်မမြင်ဖြစ်ခဲ့တာလဲဆိုတာကို မေးခွန်းထုတ်နေကြပြီး ပရီမီယာလိဂ်ရဲ့ ပွဲဆက်များမှုဟာ ဥရောပလိဂ်ပြိုင်ပွဲတွေ ကို များစွာသက်ရောက်မှုရှိခဲ့ကြောင်း တစ်လေသံတည်းထွက်လာခဲ့ကြပါတယ်။
ချယ်လ်ဆီးအသင်း ၂ဝ၁၂ ခုနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီးနောက်ပိုင်း ငါးနှစ်အတွင်း သုံးနှစ်မှာ ဘယ်အင်္ဂလန်ကလပ်အသင်းကမှ အကြိုဗိုလ်လုပွဲ အဆင့်ကိုတောင် တက်ရောက်နိုင်ခြင်းမရှိခဲ့တာဟာ ဆိုးရွားလွန်းတဲ့ မှတ်တမ်းဖြစ်ပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေက ကစားသမား အပြောင်းအရွှေ့အတွက် ပေါင်ဘီလီယံနဲ့ချီပြီး သုံးစွဲနေပေမယ့် ချန်ပီယံ လိဂ်လို အဆင့်မြင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ မှတ်တမ်း တွေကြောင့် အင်္ဂလန်ကလပ်အသင်းတွေရဲ့ ရည်မှန်းချက်ဟာ ဘာလဲဆို တာကိုတောင် မေးခွန်းထုတ်ရတော့မလိုပါပဲ။
ပရီမီယာလိဂ်အသင်းတွေဟာပွဲဆက်များသလို ထိပ်ဆုံးလေးနေရာ အတွက် ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်နေရတာကြောင့် ဥရောပလိဂ်တွေဘက် အာရုံစိုက်လိုက်ချိန်မှာ ပြည်တွင်းလိဂ်မှာ ရလဒ်တွေ ထိုးဆင်းသွားတာဖြစ်ပါတယ်။ ဂွါဒီယိုလာ၊ ဂျာဂန်ကလော့ပ်တို့လို ဥရောပအတွေ့အကြုံရင့်နည်းပြတွေဟာ ပရီမီယာလိဂ်ကို ပြောင်းလဲကိုင်တွယ်ချိန်မှာ မအောင်မမြင်ဖြစ်ခဲ့တာကို ကြည့်ရင် ပရီမီယာလိဂ်ပြိုင်ပွဲဟာ အခြားလိဂ်တွေထက် ကိုင်တွယ်ဖို့ ခက်ခဲ တယ်ဆိုတဲ့အဖြေကို ထွက်စေပါတယ်။ ပရီမီယာလိဂ်ဟာ အမှတ်ပေးပွဲစဉ်တွေ အပြင် လိဂ်ဖလားပွဲတွေကလည်း ဆက်တိုက်ယှဉ်ပြိုင်နေရတာကြောင့် အခုလို ဥရောပလိဂ်ပြိုင်ပွဲတွေမှာ မအောင်မမြင်ဖြစ်နေတာလို့ အဖြေထုတ်ရတော့မှာ ဖြစ်ပါတယ်။
မေလဲ့သင်း(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment