Latest News

Friday, April 28, 2017

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်သော ဥပဒေပြင်ဆင်လျှောက်လဲချက်အား ကြားနာစစ်ဆေး

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်သော ဥပဒေပြင်ဆင်လျှောက်လဲချက်အား ကြားနာစစ်ဆေး

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနှင့်အတူ ပါဝင်ပတ်သက်သူများထဲမှ ငါးဦးအနက် တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဝရမ်း ထပ်မံထုတ်ပေးရန် တရားလို၏ ရှေ့နေ ပြင်ဆင်လျှောက်လဲချက်ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး ခန်းမဆောင်(၆)၌ ကြားနား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြင်ဆင်လျှောက်လဲချက်အား တရားလို၊ တရားခံနှစ်ဖက် အကျိုးတော်ဆောင် ရှေ့နေများအား တရားရုံးခန်းမ(၆) တရားသူကြီးရှေ့မှောက်၌ ကားနားစစ်ဆေးစဉ် လုပ်ကြံခံရသူ ဦးကိုနီ၏ဇနီး ဒေါ်တင်အေးနှင့် ပြည်တွင်း/ပြည်ပ သတင်းဂျာနယ်မီဒီယာများအား တရားခွင်သို့ ဝင်ရောက်နားထောင်ခွင့် ပြုကြောင်း သိရသည်။

တရားလို၏ တရားလွှတ်တော်ရှေ့နေ ဦးနေလက “ဒါက ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ် သတင်းမီဒီယာများ စောင့်ကြည့်ခံအမှုတစ်ခုဖြစ်တယ်။ ပြင်ဆင်မှု လျှောက်လဲ ချက်တင်ထားတာ ဖမ်းဝရမ်းတစ်ခုတည်းမဟုတ်ဘူး။ အောင်ဝင်းခိုင် ထွက်ပြေးလွတ် မြောက်နေတာကို အများယုံကြည်မှုရှိဖို့ တရားရုံးလက်စွဲပါ အသုံးအနှုန်းအတိုင်း စေ့ငှသေချာအောင် ခေါ်ယူစစ်ဆေးဖို့ပါ။ စီမံခန့်ခွဲမှု အာဏာဟာ တရားရုံးမှာသာ ရှိတယ်။ အမှန်တရားဖော်ထုတ် မယ်ဆိုရင် တရားခံပြည့်စုံမှ ရဲပုံစံ(၆၂) ထွက်ချက်ကို အခြေခံပြီး တရားခံ အောင်ဝင်းခိုင်နေထိုင်တဲ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သာ ဖမ်းဝရမ်း ရှိတယ်။ နောက်ဆုံး ထွက်ပြေးလွတ်မြောက်သွားတဲ့နေရာ နေပြည်တော် ပရဆေး ဥယျာဉ်မှာ ဖမ်းဝရမ်းထပ်မံထုတ်ပေးဖို့ ဥပဒေအရာရှိကို လျှောက်ထားတောင်းခံတာပါ။ လိုအပ်မယ်လို့ထင်ပါတယ်။ ကြည်လင်းနဲ့ ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ဇော်ဝင်းထွန်းတို့ကို မြောက်ပိုင်းခရိုင် တရားရုံးမှာ မေ ၁၂ ရက် သောကြာ နေ့ကို ရုံးချိန်းလိုက်တယ်လို့ သိရတယ်။ ထုံးစံအတိုင်း ရုံးထုတ်တာပါ။ အဲဒီရုံးချိန်းမှာ အမှုစစ်ဖြစ်မယ်၊ မစစ်ဖြစ်ဘူး၊ အမှုစစ်ဖို့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရုံးမိန့်ကို စောင့်ရပါ့မယ်။ အမိန့်ကို အမြန်ဆုံးချပေးမယ်လို့ တော့ထင်ပါတယ်” ဟုပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment