တရုတ်နိုင်ငံမှာ ဆေးလိပ်ကြောင့် လူသန်း ၂ဝဝ လောက် အသက်ဆုံးရှုံးနိုင်
တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်မှုကြောင့် အခုဆယ်စုနှစ်အတွင်း လူ သန်း ၂ဝဝ လောက် အသက်ဆုံးရှုံးရဖွယ်ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်အများဆုံးသောက်တဲ့ နိုင်ငံဖြစ်ပါတယ်။
ဆေးလိပ်သောက်သုံးသူအရေအတွက်ကို အမြန်ဆုံး မလျှော့ချနိုင်ဘူးဆိုရင် ကြီးမားတဲ့ စီးပွားရေးထိခိုက်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း WHO က သတိပေးထားပါတယ်။
၂ဝ၁၄ ခုနှစ်အတွင်း ဆေးလိပ်သောက်သုံးမှုကြောင့် ယွမ်ငွေ ၃၅ဝ ဘီလျံဖိုးမျှ စီးပွားရေးထိခိုက်မှုရှိခဲ့ပြီး၊ အဲဒီပမာဏဟာ ၂ဝဝဝ ခုနှစ်ကထက် ၁ဝ ဆ တိုးများလာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဆေးလိပ်ပုံမှန်သောက်သူပမာဏဟာ အရွယ်ရောက်သူတွေကြားမှာ ၂၈ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေအကြားမှာ ၅ဝ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment