ပြန်ကြားရေးဝန်ကြီးဌာနမှ ဒစ်ဂျစ်တယ် သတင်းစာထုတ်လွှင့်ရန်
သင်တန်းပို့ချ
ရန်ကုန် ဧပြီ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်လွှင့်မည့် ဒစ်ဂျစ်တယ် သတင်းစာအတွက် အကြိုသင်တန်းကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိသတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံး တွင် ဧပြီ ၉ ရက်မှ စတင်၍ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ နိုင်ငံပိုင်သတင်းစာများတွင် သတင်းရေးသားနေကြသည့် ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ သတင်းထောက်၂၁ ဦး တက်ရောက်ခဲ့ကြပြီး အွန်လိုင်းသတင်းရေးသားခြင်း၊ Applications များ အသုံးပြု ၍ သတင်းပေးပို့ခြင်း၊အွန်လိုင်းသတင်းရေးသားရာတွင်လိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ကြေးမုံသတင်းစာတိုက်စာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်နှင့် သင်တန်းနည်းပြများ က ဆွေးနွေးခဲ့ကြသည်။
သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းသားများအား တွေ့ဆုံမှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ် ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လက်ရှိ ထုတ်ဝေလျက်ရှိသည့် သတင်းစာများ အပြင် နိုင်ငံတစ်ဝန်းရှိသတင်းများ ကို အချိန်နှင့် တစ်ပြေးညီပြည်သူများ သိရှိနိုင်ရန်အတွက်ဒစ်ဂျစ်တယ်သတင်းစာကို မေလဆန်းမှစတင်၍ ထုတ် လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဇော်ကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment