အရှေ့တောင်အာရှနိုင်ငံများ ပါဝင်လာစေရန်မြောက်ကိုရီးယား မေတ္တာရပ်ခံ။ ကိုရီယားကျွန်းဆွယ်တည် ငြိမ်အေးချမ်းရေး အာဆီယံထိပ်သီးအစည်းအဝေးတွင် ရှာဖွေစေလိုဟုဆို
( ဧပြီ-၂၇ ၂၀၁၇ ) အမေရိကန်ပြည်ထောင်စုနှင့် ညူကလီယာကပ်ဆိုးကျရောက်နိုင်သည်ကို ကာကွယ်ရန်လိုအပ်ကြောင်းသတိပေးလိုက်ပြီး နည်းလမ်းရှာဖွေရန် မြောက်ကိုရီးယားက အာဆီယံနိုင်ငံများအားတိုက်တွန်း မေတ္တာရပ်ခံလိုက်ကြောင်း အေက်ဖ်ပီသတင်းဌာနအား ကိုးကားလျှက် ချင်နယ်နယူးစ်အေးရှားမီဒီယာက ယနေ့ရေးသားဖော်ပြလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ယီယောင်ဟိုက အာဆီယံအထွေထွေအတွင်းရေးမှုးထံပေးပို့သောစာလွှာတွင် ၀ါရှင်တန်အစိုးရ၏အပြုအမူကြောင့် စစ်မီးလျှံချောက်ကမ်းပါးစွန်းသို့ ရှိနေသော ကိုရီးယားကျွန်းဆွယ် ၏လက်ရှိအခြေအနေအကြောင်း သတိပေးဖော်ပြထားသည်။
အာဆီယံအဖွဲ့အစည်းအကြီးအကဲသည် အဖွဲ့ဝင် ( ၁၀ ) နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများထံ ကိုရီးယားကျွန်းဆွယ်၏ စိုးရိမ်ဖွယ်ရာအခြေအနေနှင့် အမေရိကန်-တောင်ကိုရီးယားစစ်ရေးလေ့ကျင့်နေစဉ်ကာလအတွင်း ကိုက်ညီသော အဆိုပြုချက်ပေးပို့ပါရန် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်ဆို၏။
မြောက်ကိုရီးယား၏ မတ်လ-၂၃ ရက်နေ့ရက်စွဲပါ စာလွှာမိတ္တူအား အေအက်ဖ်ပီသတင်းဌာနက ကြာသပတေးနေ့ရရှိခဲ့ပြီး လာမည့်မနီလာ အာဆီယံထိပ်သီးအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်အရေးဆွေးနွေးကြရန် ရည်မှန်းပုံရသည်။
မြောက်ကိုရီးယား၏မျှော်လင့်ချက်အားဖော်ပြရလျှင် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလ့ကျင့်ခြင်းမှာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အလွန်ကြီးမားသော ဆက်နွယ်ချက်ဖြစ်သည်။ အာဆီယံကွန်ဖရင့်သည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးအတွက် ဆီလျှော်သော ရပ်တည်ချက်နှင့် ငြိမ်းချမ်းမှု့ထိန်းသိမ်းရေးတက်ကြွသောလှုပ်ရှားမှု့ပါဝင်စေလိုကြောင်း အဆိုပါစာတွင်ဖော်ပြထားသည်။
လောနှင့် ကမ္ဘောဒီးယားတို့သည် မြောက်ကိုရီးယားနှင့် နီးစပ်သည်ဟု သိထားကြသော်လည်း အာဆီယံအဖွဲ့အ စည်းအနေဖြင့်မူ မြောက်ကိုရီးယား၏ ညူကလီယာရည်မှန်းချက်များအားဆန့်ကျင်ကြောင်း ယခင်ကတည်းက ပြောဆိုထားပြီးဖြစ်သည်။
လွန်ခဲ့သည့်နှစ် လောနိုင်ငံအာဆီယံထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယား၏ညူကလီယာအစီအစဉ်များအားရည်ညွှန်းလျှက် စိုးရိမ်မကင်းဖြစ်ရကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အားလေး စားရန် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ စာလွှာပေးပို့ခြင်းမှာ ထူးခြားအစဉ်အလာမဟုတ်သည့်အကြောင်းအရာဖြစ်ပြီး အာဆီယံနိုင်ငံများသို့ မြောက်ကိုရီးယား၏ အကူအညီတောင်းခံခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အာ ဆီယံသံမန်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
လွန်ခဲ့သည့်ဖေဖော်ဝါရီလတွင် အာဆီယံအဖွဲ့ဝင်ဖြစ်သော မလေးရှားနိုင်ငံ ကွာလာလန်ပူလေဆိပ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီအကိုဝမ်းကွဲတော်စပ်သူ ထူးဆန်းစွာလုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယား-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးထိပ်တိုက်တွေ့ခဲ့ရသည်။
မြောက်ကိုရီးယား၏ရပ်တည်ချက်မှာ အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကြောင့် ကိုယ်ပိုင်ညူကလီယာလက်နက်ထုတ်လုပ်ရန်ဆုံးဖြတ်ခြင်းမှာ တရားမျှတသည်ဟု ယူဆထားသည်။ မြောက်ကိုရီးယား၏ ညူကလီယာလက်နက်အား ဟန့်တားရန် အမေရိကန်၏ပြင်ဆင်မှု့များမှာလည်း ညူကလီယာနှင့် မကင်းချေ။
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတီးက ကြာသပတေးနေ့ သတင်းထောက်များအားပြောဆိုရာတွင် ညူကလီယာစစ်ပွဲဖြစ်ပွားလျှင် ကပ်ဆိုးကြီးကျရောက်သည့်နှယ်ဖြစ်၍ ဒေသတစ်ခုလုံး လွင်တီးခေါင်ဖြစ်ကိန်းဆိုက်ရန်သာရှိကြောင်း ဖော်ပြခဲ့သည်။
Photo: AFP/STR
Htay Oung
Thursday, April 27, 2017
အရှေ့တောင်အာရှနိုင်ငံများ ပါဝင်လာစေရန်မြောက်ကိုရီးယား မေတ္တာရပ်ခံ။ ကိုရီယားကျွန်းဆွယ်တည် ငြိမ်အေးချမ်းရေး အာဆီယံထိပ်သီးအစည်းအဝေးတွင် ရှာဖွေစေလိုဟုဆို
အရှေ့တောင်အာရှနိုင်ငံများ ပါဝင်လာစေရန်မြောက်ကိုရီးယား မေတ္တာရပ်ခံ။ ကိုရီယားကျွန်းဆွယ်တည် ငြိမ်အေးချမ်းရေး အာဆီယံထိပ်သီးအစည်းအဝေးတွင် ရှာဖွေစေလိုဟုဆို
Reviewed by Ar Ti
on
12:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment