Latest News

Saturday, April 22, 2017

တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး သထုံတွင် ဖမ်းဆီးရမိ

တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး သထုံတွင် ဖမ်းဆီးရမိ



သထုံ  ၊  ဧပြီ  ၊  ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ၊ ပူးပေါင်းစစ်ဆေးရေး ဂိတ် တွင် သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က ယာဉ်များအား ရပ်တန့် စစ်ဆေး ရာမှ ဧပြီလ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခန့်က လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီး ရမိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူ ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့တို့သည် ကြာပန်းတိုးဂိတ်အနီးရှိ ပူးပေါင်းစစ်ဆေးရေဂိတ်တွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးစဉ် ဘားအံဘက်မှ သထုံဘက်သို့ ယာဉ်မောင်း နေဇာ (ခ) ကိုနေ ၂၆ နှစ် (ဘ) ဦးမျိုးသန်းဦး ပျဉ်းမနားမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် YGN 5H/1712၊ CROWN ခဲရောင်ယာဉ်နှင့် ယာဉ်မောင်း ရဲထွေးနိုင် (ခ) လက်မ ၃၃ နှစ် (ဘ) ဦးစောမောင် ပျဉ်းမနားမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ YGN 5I/8850 ODYSSEY အမဲရောင် ယာဉ်များအား စစ်ဆေး ရာတွင် ယာဉ်နှင့်ပတ်သက်သော အထောက်းအထားမပြနိုင်သဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စီးပွားကူးသန်းဌာန၏ ခွင့်ပြုချက်မရှိဘဲ လိုင်စင် မဲ့မော်တော်ယာဉ် တင်သွင်း မောင်းနှင်သူ နေဇာ (ခ) ကိုနေအား သုဓမ္မဝတီ နယ်မြေရဲစခန်းမှ (ပ) ၉၇ /၂၀၁၇၊ ပို့ကုန်/သွင်းကုန် ပုဒ်မ- ၈ ဖြင့် လည်ကောင်း၊ ရဲထွေးနိုင် (ခ) လက်မ အား (ပ) ၉၈/ ၂၀၁၇ ပို့ကုန်/သွင်းကုန် ပုဒ်မ-၈ ဖြင့်လည်ကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

သထုံ ပြန်/ဆက်

No comments:

Post a Comment