Latest News

Saturday, April 29, 2017

ရွှေတိဂုံ စေတီတော် ရွှေပိဿာချိန် ၁၀၀ ရွှေသင်္ကန်း ကပ်လှူမယ် အစိုးရသစ် တစ်နှစ်တာ ကာလတာ အတွင်း အလှူငွေ ကျပ် သန်းပေါင်း ၁၄၆၄၆ ပိုမို ရရှိခဲ့

ရွှေတိဂုံ စေတီတော် ရွှေပိဿာချိန် ၁၀၀ ရွှေသင်္ကန်း ကပ်လှူမယ်
အစိုးရသစ် တစ်နှစ်တာ ကာလတာ အတွင်း အလှူငွေ ကျပ် သန်းပေါင်း ၁၄၆၄၆ ပိုမို ရရှိခဲ့

နေပြည်တော် ဧပြီ ၂၈ ရက်

ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ပွင့်လင်း ရာသီမှာ ရွှေပိသာချိန် ၁၀၀ ကို ရွှေသင်္ကန်း ကပ်လှူသွားမှာ ဖြစ်တာ် လို့ ယနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

သာသာနာရေး ဝန်ကြီးဌာနမှ ခေတ္တ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ က ” ရွှေတီဂုံ စေတီတော်မြတ်ကြီးကို ရွှေသင်္ကန်း ကပ်လှူဖို့ စီစဉ် ဆောင်ရွက်နေပါပြီ၊ ကပ်လှူနိုင်ဖို့ ရွှေပိသာ ၁၀၀ ဝယ်ထားပြီး ဖြစ်ပါတယ်။ စံချိန်စံညွှန်း ကိုက်ညီတဲ့ ရွှေပြားတွေကို ကပ်လှူသွားမှာ ဖြစ်ပြီး ၊ ပွင့်လင်းရာသီ အချိန်မှာ ကပ်လှူသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရွှေတိဂုံ ဘုရားနဲ့ ပတ်သတ်ပြီးတော့ နေ့စဉ်ရရှိတဲ့ အလှူငွေ များကို ဖွင့်ဖောက် ရေတွက်ပြီး၊ ဘဏ်မှာ နေ့စဉ် အပ်သွားတာ ဖြစ်ပြီး၊ ရွှေသင်္ကန်း ပြန်လည် ကပ်လှူနိုင်ရန် အတွက် အဲသည်ငွေထဲက ရွှေသင်္ကန်း ကပ်ဖို့ ပြန်လည် ဝယ်ယူခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။

၃၁ - ၃ - ၂၀၁၆ ရက်နေ့အထိ ရွှေတိဂုံ စေတီတော် ဘဏ္ဘာငွေ လက်ကျန် စာရင်းမှာ ငွေကျပ်သန်းပေါင်း ၄၆၀၀ ကျော် ဖြစ်ပြီး၊ အစိုးရသစ် တစ်နှစ်တာ ကာလတာ အတွင်း ၁၉ - ၂ - ၂၀၁၇ ရက်နေ့ အထိ လက်ကျန်ငွေ စာရင်းမှာ ငွေကျပ် သန်းပေါင်း ၆၀၆၅၆ ကျော် ဖြစ်တာကြောင့် ငွေကျပ် သန်းပေါင်း ၁၄၆၄၆ ပိုမို ရရှိခဲ့တယ် လို့လည်း သိရပါတယ်။

မိုးမိုး(Kumudra)

No comments:

Post a Comment