Latest News

Wednesday, April 26, 2017

စီးပွားရေးကဏ္ဍ ၁၀ ခုတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ရန် အစိုးရဖိတ်ခေါ်

စီးပွားရေးကဏ္ဍ ၁၀ ခုတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ရန် အစိုးရဖိတ်ခေါ်

အစိုးရက ဦးဆောင်အကောင်အထည်ဖော်လိုသည့် စီးပွားရေးကဏ္ဍ ၁၀ ခုတွင် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လိုပါက အဆိုပြုလွှာများ တင်ပြရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဖိတ်ခေါ်ခဲ့သည်။

ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ သွင်းကုန်အစားထိုးထုတ်ကုန်လုပ်ငန်းများ၊ လယ်ယာဖွံ့ဖြိုးရေးကဏ္ဍ၊ အာမခံလုပ်ငန်း၊ ရွှေ၊ ကျောက်မျက်ရတနာ ဈေးတည်ဆောက်မှု၊ ကုန်သေတ္တာစခန်း တည်ဆောက်ရေး၊ သံနှင့် သံမဏိစက်မှုဇုန် တည်ထောင်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍတို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်နှီးမြှုပ်နှံနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါစီးပွားရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်သကဲ့သို့ လုပ်ငန်းတည်ထောင်လိုသူ (Developer) အဖြစ်ဆောင်ရွက်မည်ဆိုပါကလည်း ခွင့်ပြုမည်ဟု ဆိုသည်။

‘‘ဒီလုပ်ငန်းတွေကို တည်ထောင်သူအနေနဲ့ လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။ တကယ်လုပ်နိုင်သူ ဖြစ်ရမယ်။ လုပ်ငန်းယူပြီး တစ်ဆင့်ပြန်ပေးတာမျိုးတော့ လက်မခံဘူး’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ ငါးကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် စီးပွားရေး ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင် ရွက်နိုင်ရန် ဖိတ်ခေါ်ခြင်းသည် တွေ့ဆုံပွဲများ၌သာမက ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သတင်းစာများတွင် ထည့်သွင်းပြီး ဖိတ်ခေါ်မှုများ ပြုလုပ်သင့်သည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦး ရဲမင်းအောင်က ပြောသည်။

အစိုးရက စီးပွားရေးကဏ္ဍ များတွင် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်း သည် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ များလာစေရန် ရည်ရွယ်ခြင်းဖြစ် နိုင်သည်ဟု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ရန် ဖိတ်ခေါ်သည့် ကျန်းမာရေးကဏ္ဍ၌ ပုဂ္ဂလိက ဆေးရုံ၊ သူနာပြု သင်တန်းကျောင်း၊ ကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ သားဖွားသင်တန်းကျောင်းများ ပါဝင်သည်။

ပညာရေးကဏ္ဍတွင် ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေများ မထွက်ပေါ်သေးသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များက စာသင်ကျောင်းများ၊ နည်းပညာကျောင်းများ၊ ယဉ်ကျေးမှုကျောင်းများ အပါအဝင် အားကစားနှင့် ပတ် သက်သည့် ကျောင်းများလည်း ဖွင့်လှစ်နိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့အပြင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပါဝင်နိုင်ရန်စီ စဉ်ထားသဖြင့် ရင်းနှီးမြှုပ်နှံလိုပါက အဆိုပြုလွှာတင်နိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

သွင်းကုန်အစားထိုးလုပ်ငန်း များနှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်၊ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ရန် အသေး စားနှင့် အလတ်စား လုပ်ငန်းများ အား အစိုးရက ပံ့ပိုးပေးမည့် အစီအစဉ်တွင်လည်း ပုဂ္ဂလိကကဏ္ဍမှ ပါဝင်နိုင်ကြာင်း ဖိတ်ခေါ်ထား သည်။လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအ တွက် တောင်သူလယ်သမားများ ကို အရင်းအနှီးငွေကြေး ချေးငွေ ထောက်ပံ့ပေးရာတွင် လယ်ယာဖွံ့ ဖြိုးရေးဘဏ်တစ်ခုတည်းသာမက ပုဂ္ဂလိကဘဏ်များ ပူးပေါင်းပါဝင် နိုင်ခွင့်ပေးထားသည်ဟု ဆိုသည်။

ထို့အပြင် အာမခံလုပ်ငန်းများ၊ ရွှေ၊ ကျောက်မျက်လုပ်ငန်းအားလုံး တရားဝင်ဖြစ်စေရန် ပုဂ္ဂလိကဈေးကွက် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းဈေးကို တည်ဆောက်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မန္တလေး၊ ရန်ကုန်မြို့များတွင် ကုန်ပစ္စည်းသိုလှောင်ရုံ၊ ကုန်သေတ္တာတင်ရထားပြေးဆွဲမှု လုပ်ငန်းများအပါအဝင် ခရီးသွားလုပ်ငန်းများအတွက် လက်မှုပစ္စည်းဈေးကွက်၊ ရိုးရာအစားအစာများ ရောင်းချသည့် ဈေးကွက်များ အကောင်အထည်ဖော်ရာ၌လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်နိုင်ရန် အစိုးရက ဖိတ်ခေါ်ထားသည်။



7Day News Journal

No comments:

Post a Comment