Latest News

Saturday, March 25, 2017

Zombie drug ဇုမ်ဘီမူးယစ်ဆေးသောက်သုံးပြီး ဇုမ်ဘီဖြစ်သွားတဲ့မိန်းကလေး


ဒီဗီဒီယိုထဲက မိန်းကလေးက Spice Drug သို့မဟုတ် Zombie drug လို့လည်း ခေါ်တဲ့မူးယစ်ဆေးကို
အလွန်အကျွံသုံးစွဲပြီး အကြောတွေဆွဲပြီး လမ်းပေါ်မှာပုံပျက်ပန်းပျက်ဖြစ်နေတာပါ။
ဒီဗီဒီိယိုကိုရိုက်ကူးခဲ့တဲ့သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့်အချုပ်ကျနေတဲ့သူ့ရဲ့အိမ်နီးနားခြင်း ခွေးကို
ထိန်းပေးနေတုန်း ဒီမြင်ကွင်းကိုမြင်လို့ဗီဒီယိုရိုက်ပြီးယူကျုပေါ်တင်ခဲ့တာပါ။
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ထဲက ၀တ်ချက်စတာမြို့ ရဲ့ မိန်းလမ်းမပေါ်မှာZombie drug ဇုမ်ဘီဆိုတဲ့မူးယစ်ဆေးစွဲတဲ့မိန်းကလေးဟာ ရုပ်ရှင်တွေထဲက ဇုမ်ဘီတွေလို အမူအယာတွေပြောင်းလဲသွားပြီး ဦးတည်ရာ မဲ့လျှောက်သွားနေပါတယ်။
အဲဒီအနီးအနားမှာ အိမ်ယာမဲ့တွေနေထိုင်တဲ့နေရာဖြစ်တာကြောင့်မူးယစ်ဆေးသုံးစွဲသူတွေစတည်းချရာနေရာဖြစ်လာပြီး မူးယစ်ဆေးစွဲသူတွေတိုးပွားလာနေပါတယ်။
ဒီမူးယစ်ဆေးရဲ့အန္တရာယ်ကို လူအများအာရုံစိုက်လာပြီး ဆေးဖြတ်တဲ့အစီအစဉ်တွေ လိုအပ်နေပြီးဆိုတာ
အများကအာရုံစိုက်လာအောင်ရိုက်ပြီးတင်လိုက်ရတာလို့ဆိုပါတယ်။
လူပေါင်းနှစ်သန်းကျော်က သူ့ဗီဒီယိုကိုကြည့်ရှုခဲ့ကြတဲ့အတွက် သူ့ရဲ့ ရည်ရွယ်ချက်အောင်မြင်တယ်လို့ဆိုရပါမယ်။ဇုမ်ဘီမူးယစ်ဆေးသောက်သုံးပြီး ဇုမ်ဘီဖြစ်သွားတဲ့မိန်းကလေးရဲ့ဗီဒီယိုကိုတော့အောက်တွင်ကြည့်ရှုနိုင်ပါတယ်။
SZ(တိုင်းဧရာ)

No comments:

Post a Comment