ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမ၌ YBS (၆) ခရီးသည်တင် မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပြင်းထန်စွာ ဒဏ်ရာရရှိ
ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းမ၌ YBS (၆) ခရီးသည်တင် မော်တော်ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ မတ် ၂ ရက် ည ၆ နာရီ မိနစ် ၅၀ အချိန်က ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် ၄၄/၀၊ ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆည်ရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ညောင်တုန်းက ပန်းတနော်ကို ဦးတည်မောင်းတာ။ မိုင်တိုင်အမှတ် ၄၄/၀ မရောက်ခင်မှာ အရှိန်မထိန်းနိုင်ဘဲ ညာဘက်ခြမ်းကို ထိုးကျပြီး သစ်ပင်ကိုဝင်တိုက်တာ။ ဖြစ်ပွားချိန်မှာ ကားပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်နှစ်ဦးပဲပါတယ်။ နှစ်ဦးစလုံး ဒဏ်ရာရတယ်။ ပန်းတနော်နဲ့နီးတော့ ပတ်ဝန်းကျင်က ပန်းတနော်ဆေးရုံကို ပို့လိုက်တယ်။ ယာဉ်မောင်းကိုတော့ ပန်းတနော်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲလိုက်ရပြီလို့ သိရပါတယ်” ဟု ညောင်တုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် စိုင်းစံမှိုင်းက ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် YBS ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ကားထဲ၌ ညပ်နေသဖြင့် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့က ရန်ကုန်က အပြန်လမ်းမှာတွေ့လို့ ၀င်ကူညီတာ။ ပန်းတနော်က လူနာတင်ယာဉ်အဖွဲ့လည်း လာကူညီတယ်။ အဲဒီကားထဲမှာ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ရော ညပ်နေတာ တွေ့ရတယ်။ ယာဉ်မောင်းက မျက်လုံးတစ်လုံး ထွက်သွားတယ်။ ပြီးတော့ ညာဘက်ခြေထောက် ထုတ်မရဘူး။ ယာဉ်နောက်လိုက်ကတော့ အပေါ်ပိုင်း သိပ်မထိဘူး။ ဒါပေမဲ့ ခြေထောက်နှစ်ချောင်းစလုံး ညပ်နေတယ်။ နှစ်ယောက်စလုံးက စိုးရိမ်ရတယ်။ အခုတော့ ပန်းတနော်ဆေးရုံကို ရောက်သွားပါပြီ” ဟု အေးမြဖြူစင် (မြောင်းမြ)လူနာတင်ယာဉ်ကူညီရေးအဖွဲ့မှ ကိုဇေယျာမောင်က ည ၈ နာရီခန့်တွင် ဖြေကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်တုန်းမြို့နယ်၊ ညောင်တုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်စိုင်းစံမှိုင်းက တရားလိုပြုလုပ်၍YBS ခရီးသည်တင်ယာဉ်မောင်းအား အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ကျော်မျိုး (ဟင်္သာတ)
Eleven Media Group
Friday, March 3, 2017
ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမ၌ YBS (၆) ခရီးသည်တင် မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပြင်းထန်စွာ ဒဏ်ရာရရှိ
ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမ၌ YBS (၆) ခရီးသည်တင် မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပြင်းထန်စွာ ဒဏ်ရာရရှိ
Reviewed by Ar Ti
on
5:51 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment