ပထမအသုတ်အနေနဲ့ YBS ကားအသစ်အစီး(၁၀၀၀)ခန့် ၀ယ်ယူဖို့ပြင်ဆင်နေပြီ
YBS ယာဉ်လိုင်းတွေအတွက် ပထမအသုတ်အနေနဲ့ ကားအသစ်အစီး(၁၀၀၀)ခန့် ၀ယ်ယူဖို့ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။
ဈေးနှုန်းကိုတော့ အတိအကျပြောလို့ မရသေးပဲ တရုတ်နိုင်ငံက၀ယ်ယူဖြစ်ဖို့များပြီး အစိုးရအချင်းချင်း ချိတ်ဆက်ဝယ်ယူ သွားမှာဖြစ်တယ်လို့ ဒေါက်တာမောင်အောင်ကပြောပါတယ်။
လတ်တလောမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီးရေ (၃၉၀၀)ကျော်ရှိပြီး ဘတ်စ်ကားအစီးရေ (၄၀၀၀) ကျော်နဲ့ပြေးဆွဲမယ်ဆိုရင်တော့ အဆင်ပြေသွားနိုင်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက ပြောကြားထားပါတယ်။
ဘတ်စ်ကား အသစ်တွေ ရောက်လာရင်တော့ လိုအပ်တဲ့နေရာတွေမှာ လိုင်းအသစ်တွေ ထပ်တိုးပြေးဆွဲပေးသွားမယ်လို့လည်း ဒေါက်တာသန်းဝင်းကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်လိုင်းပေါင်း ၇၀ ကျော်နဲ့ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။
5plus
Subscribe to:
Post Comments (Atom)
No comments:
Post a Comment