Latest News

Friday, March 3, 2017

RESPECT မရှိခြင်းရဲ့ ဆိုးကျိုးများ

RESPECT မရှိခြင်းရဲ့ ဆိုးကျိုးများ

သတင်း မီဒီယာ မှာ လေးနှစ်နီးပါးလုပ်ခဲ့တဲ့ အတွေ့အကြုံတစ်ခုအရ လူတစ်ဦးနဲ့တစ်ဦး Respect မရှိတဲ့အတွက် လုပ်ငန်းကိစ္စတွေမအောင်မြင်တာ ၊ အဖွဲ့အစည်းပြိုကွဲတာတွေအထိကြုံတွေ့ဖူးပါတယ် ။ လူမှုရေးကိစ္စတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုမရှိတဲ့အတွက် ရေရှည်ဆက်ဆံမှုတွေမှာ ထိခိုက်မှုတွေဖြစ်ပေါ်ရပါတယ် ။

စီးပွားရေးလုပ်ငန်းတွေမှာလည်း လူတစ်ဖက်သားကို လေးစားခြင်းဟာ ကိုယ့်လုပ်ငန်းတိုးတက်ဖို့အခွင့်အရေးပါပဲ ။ တစ်ချို့ နာမည်ကြီးတဲ့သူတွေက မအောင်မြင်ခင်သာ မီဒီယာတွေ ပရိသတ်တွေကို လေးစားသမှုရှိပြီး အောင်မြင်သွားပြီးတဲ့နောက် အချိန်မပေးနိုင်တာ ၊ အရေးမလုပ်တော့တာတွေလည်း ကြုံတွေ့ခဲ့ရပါတယ် ။

ကတိတစ်ခုပေးထားပြီး မတည်တာ ၊ အချိန်မလေးစားတာ ၊ အားနာရကောင်းမှန်မသိတာတွေဟာ လူမှုဆက်ဆံရေးမှာ အင်မတန်သတိထားရမည့်အချက်တွေပါပဲ ။ တစ်ခုခုကြောင့် အမှားအယွင်းရှိခဲ့လည်း ရိုးသားစွာတောင်းပန်ခြင်းဟာ လူချစ်လူခင်ပိုများစေပါတယ် ။တောင်းပန်ရမှာကို မရှက်ကြောက်ပါနဲ့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်အပြစ်ကို ရှောင်လွဲသွားခြင်းက ပိုလို့ရှက်စရာကောင်းပါတယ် ။

ကိုယ်မလုပ်နိုင်တဲ့အလုပ်တစ်ခုကိုလည်း ကြိုတင်ငြင်းဆန်လိုက်တာအပြစ်မဟုတ်ပါဘူး လုပ်နိုင်သလိုလို ၊ မလုပ်နိုင်သလိုလို ဟိုရွေ့ဒီရွေ့တွေက ပြဿနာပိုကြီးပါတယ် ။ ပေါင်းသင်းဆက်ဆံရေးတစ်ခု ရေရှည်တည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် Respect လေးတွေထားရှိပြီး ကောင်းမွန်တဲ့ Career Way ကို ဖန်တီးနိုင်ကြပါစေ ။ ။

Writer – NLM
Smart Life – Success
Lwin Pyin

No comments:

Post a Comment