Wednesday, March 15, 2017
NLD အစိုးရလက်ထက် တိုင်းပြည်မှာ ဗြောင်းဆန်နေပြီလို့ ကြံ့ခိုင်ရေးပါတီပြောပြီ
NLD အစိုးရလက်ထက် တိုင်းပြည်မှာ ဗြောင်းဆန်နေပြီလို့ ကြံ့ခိုင်ရေးပါတီက ပြောကြားလိုက်ပါတယ်။
မတ်လ (၁၂) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်တာပါ။
ဒီလို ပြောကြားရာမှာတော့ “လူတစ်ယောက်ရဲ့ အကြောင်းကိုမသိဘဲ၊ စွမ်းဆောင်ရည်ကိုမသိဘဲ ခံစားချက်နဲ့ aရွးချယ်တာဝန်ပေးလိုက်တဲ့အတွက် ဒီကနေ့တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာ တော်တော်
ဗြောင်းဆန် နေပါပြီ။ ဗန်းစကားနဲ့ ပြောရင်၊ လူပြိန်းစကားနဲ့ပြောရင် ဗြောင်းဆန်နေပြီလို့ပြောလို့ရပါတယ်’’
လို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာဆိုရင်တော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးရေးအနေနဲ့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းကို ရောက်ရှိနေပါတယ်။
MCN
NLD အစိုးရလက်ထက် တိုင်းပြည်မှာ ဗြောင်းဆန်နေပြီလို့ ကြံ့ခိုင်ရေးပါတီပြောပြီ
Reviewed by timeayeyar
on
9:07 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment