Sunday, March 26, 2017
တပ်မတော်သားတွေကို ပူးပေါင်းတဲ့ သူတွေလို့ မြင်တဲ့ NLD ၀န်ကြီး
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ ရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ကြံ့ခိုင်
ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ အကြား ဘယ်ဘက်ကမှ မဟုတ်ဘဲ အစိုးရသစ်
နဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ သူတွေ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ၀န်ကြီး ဒေါက်တာ လှမြတ်သွေး က The Messenger Media ကို ပြောပါတယ်။ ဒေါက်တာ လှမြတ်သွေးဟာ ၂၀၁၂
ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရပြီး၊ နဂို ကြံ့ခိုင်ရေး အစိုးရ လက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်
အမတ် တစ်ယောက် အနေနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ အတိုက်အခံ အဖြစ် ရပ်တည်ကာ အစိုးရ
အဖွဲ့ စီမံကိန်းများ၊ ဘတ်ဂျက်များ လုပ်ဆောင်ချက် အလွဲအမှား များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်မတို့ ဟိုဘက် လွှတ်တော်သက်တမ်း သုံးနှစ် အတွင်းမှာ ရောပေါ့။
ခု တိုင်းဒေသကြီး လွှတ်တော်မှာ ရှိတဲ့ တပ်မတော်သား တွေဟာ တကယ်ပဲ ပြည်သူ့ အကျိုး စီးပွားကို ရှေးရှုတဲ့ တပ်မတော်သားတွေလို့ မြင်တယ်။ သူတို့ မူဝါဒတွေ၊ ပေါ်လစီတွေ အရသာ လိုက်လျော ညီထွေနေကြတာ ဖြစ်ပေမယ့်၊ ဒီလွှတ်တော်က တပ်မတော်သား တွေဟာ ဘယ်သူ့ဘက်ကမှ မဟုတ်ဘူး။ ဒါ ကျွန်မ မြင်ရတဲ့ အမြင်ပါလို့ ၄င်းက ပြောပါတယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူ့ အကျိုးစီးပွား အတွက် တကယ် မှန်ကန် ကောင်းမွန်တဲ့ ကိစ္စရပ်တွေ မှာလည်း ထောက်ခံကြစမြဲ ဖြစ်တယ်လို့ ဒေါက်တာ လှမြတ်သွေးက ဆိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၁၈) ဦး၊ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၅၂) ဦးအထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုး ရေးပါတီ အစိုးရ အဖွဲ့ဟာ
တပ်မတော်သား ခေါင်းဆောင်တွေ ဖြစ်တာကြောင့် တပ်မတော်သား ကိုယ်စားလှယ် အများစုဟာ ပြည်
ခိုင်ဖြိုး ပါတီ အမာခံလို့ အများက လက်ခံထားကြ ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာလည်း ပြည်သူ့ အကျိုးစီးပွား အတွက် တပ်မတော်သား ကိုယ်စား
လှယ်တွေ အပါဝင် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ ကိုလည်း မီဒီယာတွေ အနေနဲ့ စောင့်ကြည့်နေပါ။ မကြာခင် မြင်ရတော့မှာပါလို့ ဒေါက်တာ လှမြတ်သွေးက ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှာ ပါဝင်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်
နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် ကလည်း အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အသေးစိတ်ကို ထုတ်ဖော် မပြောပေမယ့်လည်း ပူးပေါင်း ဆောင်ရွက်မှာပါလို့ The Messenger Media ကို ပြောပါတယ်။
သမိုင်း အဆက်ဆက်ကို ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ သဟဇာတ ဖြစ်တဲ့ အစိုးရတွေသာ အကောင်းဆုံး အုပ်ချုပ် အကောင်အထည်ဖော် နိုင်တာ ဖြစ်တဲ့ အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ တပ်မတော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းဝင်းက ပြောပါတယ်။
မျိုးမင်းပိုင်
Messenger
Labels:
Article,
Daily Popular,
Dr Hla Myat Thway,
Gov
တပ်မတော်သားတွေကို ပူးပေါင်းတဲ့ သူတွေလို့ မြင်တဲ့ NLD ၀န်ကြီး
Reviewed by timeayeyar
on
10:54 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment