Latest News

Saturday, March 4, 2017

ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ကေအင်န်ယူပြော

ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ကေအင်န်ယူပြော



 ငြိမ်းချမ်းရေးရရှိရန် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု NCA လက် မှတ်ရေးထိုးထားသည့် ကရင်အ မျိုးသားအစည်းအရုံး (KNU) အ ထွေထွေအတွင်းရေးမှူးချုပ် ဖဒို စောကွယ်ထူးဝင်းက မတ်လ ၃ ရက်တွင် ပြောကြားသည်။

NCA လမ်းကြောင်းအတိုင်း သွားနေ၍ ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ NCA မရေးထိုးဘဲ နိုင်ငံရေးဆွေးနွေး မည်ဆိုသည့် ဆုံးဖြတ်ချက်များအ ပေါ် သုံးသပ်ရန် မသင့်သကဲ့သို့ ယင်းအဖွဲ့များ၏ သဘောထား ကို တိတိကျကျ မသိရသေး၍ သုံးသပ်ရန် ခက်ခဲသည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ NCA လက် မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်း ကတော့ လက်ရှိသွားနေတဲ့ ငြိမ်း ချမ်းရေးလမ်းကြောင်းနဲ့ နိုင်ငံရေး ဖြေရှင်း၊ ဒီလမ်းကြောင်းအတိုင်း သွားတာက အပစ်အခတ် ရပ်စဲ ရေး ခိုင်မာအောင် လုပ်ရမယ်။ နိုင်ငံရေးပြဿနာလည်း ရှင်းမယ် ဆိုတာက လက်တွေ့ကျတယ်လို့ မြင်တာပေါ့။ ပစ်ရင်းခတ်ရင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲသွားမယ်ဆို တာက မြောက်ပိုင်းလိုဖြစ်မှာပဲ။ တစ်ဖက်နဲ့တစ်ဖက် နာကြည်းမှု တွေက ရှိမှာပဲ။ ဒါကတော့ အ ပစ်အခတ်ရပ်စဲရေး လုပ်၊ လုပ်ပြီး ရင် နိုင်ငံရေးဆွေးနွေးပွဲလုပ် ဒါက ပိုပြီး လက်တွေ့ကျမယ်လို့ အဲဒီ လိုပဲမြင်တယ်’’ဟု ဖဒိုစောကွယ် ထူးဝင်းက ပြောသည်။

‘၀’ လက်နက်ကိုင်အဖွဲ့၏ လက်ရှိအနေအထားသည် NCA လမ်းကြောင်းနှင့် ကွာဟနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ကွာတယ်ဆိုတာ သူက အ ခု လောလောဆယ် သူက သူ့ရဲ့ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပဲ သီးခြားဒေသလေးတစ်ခုလိုဖြစ် နေတာကိုး။ သူ့ရဲ့ နိုင်ငံရေးရည် မှန်းချက်က ဘယ်အတိုင်းအတာ အထိဆိုတာ ကျွန်တော်တို့ မပြော တတ်ဘူးပေါ့နော်’’ဟု ဖဒိုစော ကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံရေး ဆွေးနွေးနိုင်ရေး လမ်းကြောင်းသစ် ရှာဖွေရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး သဘောတူစာချုပ် (NCA) ကိုဖျက်လိုဖျက်ဆီးမဖြစ်ရန် လိုအပ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းလက်နက်ကိုင် အဖွဲ့ (SSPP/SSA) နှင့် ‘၀’လက် နက်ကိုင်အဖွဲ့ (UWSA)တို့ အပါ အ၀င် NCA လက်မှတ်မရေးထိုး ရသေးသည့် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ တက်ရောက်သော ပန် ဆန်း (ပန်ခမ်း)အစည်းအဝေးက NCA မရေးထိုးဘဲ ‘၀’လက်နက် ကိုင်အဖွဲ့ (UWSP/UWSA) ၏ ဦးဆောင်မှုဖြင့် အစိုးရနှင့် နိုင်ငံ ရေးဆွေးနွေးရန် ဆုံးဖြတ်မှုအပေါ် ၎င်းက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံလမ်းကြောင်းအတိုင်း သွား နေခြင်းဖြစ်၍ ပန်ခမ်းကြေညာ ချက်အပေါ် ပြန်လည်သုံးသပ်မည် ဟု သမ္မတရုံးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ်လ ၃ ရက်တွင် ပြောကြားသည်။

7Day News Journal

No comments:

Post a Comment