NCA တွင် ကေအိုင်အို ပါဝင်လက်မှတ်ထိုးရေး တိုက်တွန်းပေးရန် ကချင်လူထုခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ငြိမ်းချမ်းရေးစကား ပြောဆိုရန်နှင့် စစ်ဘေးဒုက္ခသည် များကို တွေ့ဆုံရန် ကချင်ပြည် နယ်သို့ လာရောက်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ငြိမ်းချမ်း ရေးလမ်းစဉ်ကိုသာ ရွေးချယ် မည်ဟု ယုံကြည်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က မြစ်ကြီးနား ခရီးစဉ်တွင် ပြောကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA)ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး တိုက် တွန်းပေးရန် ကချင်လူထုခေါင်း ဆောင်များအား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဒီချုပ်အစိုးရလက်ထက် တွင် ပထမဆုံးအကြိမ်အဖြစ် မတ်လ ၂၈ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ နေ့ချင်းပြန် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့၊ ကချင်နှစ်ခြင်း အသင်းတော် အပါအဝင် ဘာသာရေး ခေါင်း ဆောင်များ၊ ငြိမ်းချမ်းရေးအကျိုး တော်ဆောင်အဖွဲ့ (PCG)နှင့် အ ရပ်ဘက် အဖွဲ့အစည်းများနှင့် မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်း စုကြည်သည် မြစ်ကြီးနားနှင့် ဝိုင်း မော်မြို့ရှိ ရွှေစက်၊ ခတ်ချို၊ မိုင်း နား စစ်ဘေးဒုက္ခသည်စခန်းများ သို့ သွားရောက်၍ ထောက်ပံ့မှု များ ပြုလုပ်ပြီး စစ်ဘေးဒုက္ခ သည်များနှင့်လည်း တွေ့ဆုံခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကချင်စစ်ဘေးဒုက္ခသည်စခန်းများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်မတို့ ဒီနေ့ မြစ်ကြီးနား ကို လာတာဟာလည်း အကြောင်း နှစ်ခု ရှိပါတယ်။ နှစ်ခုဆိုပေမယ့် လည်း တစ်ခုတည်း ဖြစ်သွားပါ တယ်။ တစ်ခုကတော့ ငြိမ်းချမ်း ရေးစကားပြောဖို့၊ တစ်ခုကတော့ အိုင်ဒီပီစခန်းက ပြည်သူတွေကို တွေ့ဖို့။ အိုင်ဒီပီနဲ့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အိုင်ဒီပီဆိုတာ ခွဲခြားလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးမရှိလို့ အိုင်ဒီပီတွေရှိ တာ။ ကျွန်မတို့က ရွေးရမယ်။ အိုင်ဒီပီလမ်းစဉ်ကို ရွေးမလား၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရွေး မလား။ ကျွန်မကတော့ ငြိမ်းချမ်း ရေးလမ်းစဉ်ပဲ ပြတ်ပြတ်သား သားရွေးတဲ့လူပါ။ ကျွန်မတို့ ပြည် သူပြည်သားများဟာလည်း ဒီတိုင်းပဲ ရွေးချယ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က မိုင်းနားစစ်ဘေး ဒုက္ခသည်စခန်းတွင် ပြောကြား သည်။
ထို့အပြင် ကချင်အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရာ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် (NCA)တွင် ကချင်လက်နက် ကိုင်အဖွဲ့ (KIO/KIA)ပါဝင်လက် မှတ်ရေးထိုးရေး တိုက်တွန်းပေး ရန် ကချင်လူထုခေါင်းဆောင်များ အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ခေါင်း ဆောင်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုများနှင့် ပတ်သက်၍ PCG မှ ဦးလမိုင်ဂွန်ဂျာက ‘‘ငြိမ်း ချမ်းရေးရရှိဖို့အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေက NCA ကို လက်မှတ်ရေးထိုးရမယ်။ ရေးထိုးပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အားလုံး တက်ရောက်ပြီးတော့မှ အဲဒီညီ လာခံမှာပဲ မိမိလိုအပ်ချက်တွေ တင်ပြပြီးတော့၊ ဆွေးနွေးဆုံးဖြတ် ပြီးတော့ ရှေ့ဆက်ပြီးသွားရင် တော့ အောင်မြင်နိုင်မှာ ဖြစ်တယ် ဆိုတဲ့အကြောင်း ရှင်းပြသွား တယ်။ အဓိကကတော့ လက်မှတ် ရေးထိုးဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအိုင်အိုအဖွဲ့ကိုလည်း ဝိုင်း ဝန်းပြောကြားပေးဖို့အတွက် ဆိုပြီးတော့ ပြောသွားတာပါပဲဗျ’’ဟု ဆိုသည်။ NCA လက်မှတ်မရေး ထိုးပါက ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် ကြန့်ကြာမှုများ ရှိလာနိုင် သည်ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ‘‘NCA လက်မှတ်ရေးထိုးရေးဆို တာ ကေအိုင်အိုကလည်း လက်ခံ ထားပြီးသား ဖြစ်ပါတယ်’’ဟု ပြောကြားခဲ့ကြောင်း ကချင်လူမှုခေါင်း ဆောင်များက ဆိုသည်။
ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော်က အဆိုပါ ပြောကြား ချက်နှင့်ပတ်သက်၍ ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ‘‘ကေအိုင် အိုအနေနဲ့ NCA ကို အပြီးသတ် မဆွေးနွေးနိုင်သေးလို့ ဆက်ပြီး ဆွေးနွေးနေရတဲ့ အနေအထား ဖြစ်ပြီး လက်ခံနိုင်တဲ့ အနေအ ထားရောက်မှသာ NCA ထိုးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ’’ ဟု မတ်လ ၂၈ ရက်က ရေးသား ခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ‘‘ပင်လုံစာချုပ်မှာ တိုင်း ရင်းသားတွေအားလုံး မပါဝင်ခဲ့လို့ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲလို့ မရဘူး’’ဟု တွေ့ဆုံပွဲတွင် ပြော ကြားမှုအပေါ် ယင်းကဲ့သို့ ပြော ကြားခဲ့ပါက ပင်လုံ၏ အနှစ်သာရ ကို ပြန်လည်မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြန်လည်ရေးသားခဲ့ သည်။
တပ်မတော်နှင့် ကေအိုင် အေအကြား မကြာသေးမီက ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရှအစ်ယန် ယာယီစစ်ဘေးဒုက္ခ သည်စခန်းမှ မိုင်းနားစခန်းသို့ ရွှေ့ပြောင်း၍ စစ်ဘေးရှောင်နေရ သည့် စစ်ဘေးဒုက္ခသည် ဒေါ်ရွယ် ဆိုင်းကလည်း လက်ရှိဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မိဘနေရာ မှ ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ပြင်းထန်သည့် ထိုးစစ်ဆင်မှုများ ကို ရပ်တန့်ပေးရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ တိုက်တွန်းပြောကြားခဲ့သည်။( 7Day News )
Tuesday, March 28, 2017
NCA တွင် ကေအိုင်အို ပါဝင်လက်မှတ်ထိုးရေး တိုက်တွန်းပေးရန် ကချင်လူထုခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား
NCA တွင် ကေအိုင်အို ပါဝင်လက်မှတ်ထိုးရေး တိုက်တွန်းပေးရန် ကချင်လူထုခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Reviewed by Ar Ti
on
9:41 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment